မြေပဲဆန်အသစ်အဝင်များသဖြင့်ပဲဆီဈေးနှုန်းကျဆင်း

မြေပဲဆန်အသစ်များ စျေးကွက်အတွင်း အဝင်များလာသဖြင့် ပဲဆီဈေးနှုန်း ကျဆင်းလာ 

မြေပဲဆန်အသစ်အဝင်များသဖြင့်ပဲဆီဈေးနှုန်းကျဆင်း

ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်ထဲသို့ နယ်စုံဒေသစုံမှ မြေပဲဆန် လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ပြည်တွင်းစားသုံးနေသည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ ဈေးထိ လျော့နည်းကျဆင်းလာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

မြေပဲဆန်များသည် ယခင်လက ပြည်တွင်းစားသုံးနေသည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ ဈေးအထိရှိခဲ့သော်လည်း၊ လက်ရှိအချိန်တွင် ပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ ဈေးအထိ ကျဆင်းလာကြောင်း၊ ယင်းပဲဆီဈေးနှုန်းနှင့်အတူ ကျန်ဆက်စပ်သည့် ဆီဈေးများလည်း အသီးသီးကျဆင်းလာကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ထဲကို နယ်စုံက မြေပဲဆန်တွေ လှိုင်လှိုင်ဝင်ရောက်နေတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က မြေပဲဆန်ဈေးနှုန်းက အမြင့်ဆုံးဈေးထိရောက်ရှိခဲ့တယ်။ နယ်စပ်ဂိတ်တွေ ဖွင့်လိုက်တဲ့အတွက် ပြည်တွင်းရော၊ ပြည်ပရောဝယ်ယူမှုတွေရှိနေပါတယ်။ ခုရက်ပိုင်းမှာ တရုတ်ဝယ် လက်တွေက မြေပဲလုံးဆန် (အနီ)ကို အဓိကထား ဝယ်ယူနေတယ်” ဟု မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့် က ပြောသည်။

‌မြေပဲသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံဖြစ်ပြီး အဆိုပါ မြေပဲကို မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပြည်တွင်းစားသုံးမှုဖူလုံစေရန်အတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချသော အဓိကသီးနှံအဖြစ် အားထားစိုက်ပျိုးကြကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%99%e1%80%bc%e1%80%b1%e1%80%95%e1%80%b2%e1%80%86%e1%80%94%e1%80%ba%e1%80%a1%e1%80%9e%e1%80%85%e1%80%ba%e1%80%a1%e1%80%9d%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:20 下午
下一篇 3月 25, 2023 8:21 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....