သင်္ကြန်ကာလာမတိုင်မီထိပဲမျာအရောင်းအဝယ်သွက်နေမည်

သင်္ကြန်ကာလာမတိုင်မီထိ ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမျိုးစုံ အမြင့်ဈေးအတိုင်း အရောင်းအဝယ် သွက်နေမည်ဟုဆို

သင်္ကြန်ကာလာမတိုင်မီထိပဲမျာအရောင်းအဝယ်သွက်နေမည်

အမြင့်ဈေးဖြင့် တည်ငြိမ်နေသည့် ပို့ကုန်ပဲများ ဈေးမြင့်တက်ကာ အဝယ်သွက်လာသကဲ့သို့ ပြည်တွင်းသုံးပဲများလည်း လိုက်ပါဈေးမြင့်တက်နေပြီး လက်ရှိဖြစ်ပေါ်နေသော ပဲ၊နှမ်းပေါက်ဈေးများမှာ သင်္ကြန်ကာလမတိုင်မီထိ အရောင်းအဝယ် ကောင်းနေမည်ဖြစ်ကြောင်း  ပဲကုန်သည်များထံက သိရသည်။

မတ်လဆန်းပိုင်းမှစတင်ကာ ပဲအသစ်အဝင်များနှင့်အတူ ပို့ကုန်ပဲများ တဖြေးဖြေး ဈေးမြင့်တက်လာရာမှ ရွှေဈေးတက်လာချိန်၌ အမြင့်ဆုံးဈေးများ ဖြစ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် ပဲဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြစ်နေကြောင်း၊ သင်္ကြန်ကာလာမတိုင်မီ ငွေပေး၊ ငွေယူ မြန်ဆန်နိုင်မည့် အရောင်းအဝယ်မျိုးကိုသာ ပြုလုပ်ကြကြောင်း၊ သို့ဖြစ်၍ လက်ရှိသီတင်းပတ်တွင်လည်း ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဝယ်လိုအားကောင်းနေကြောင်း၊ အထူးသဖြင့် ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲမှာ အရောင်းအဝယ် အကောင်းဆုံးဖြစ်နေကြောင်း  ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။

“ပဲဈေးကွက် ဒီသီတင်းပတ်မှာ အရောင်းရော အဝယ်ရော ခပ်သွက်သွက် ဖြစ်နေပါတယ်။ ပြည်တွင်းသုံး V2 ကုလားပဲဆိုရင် ၂၁၁၀၀၀ ထိ ပေါက်ဈေးရှိဖြစ်လာတယ်။ အရင်အပတ်ကထက် တစ်အိတ် ကျပ် ၈၀၀၀ လောက် ဆက်လက်မြင့်တက်လာတာပါ။ မတ်ပဲနဲ့ပဲစင်းငုံလည်း ဈေးဆက်တိုက်တက်လာပါတယ်။ ရန်ကုန်အဝယ်ထက် မန္တလေးစက်ပိုင်အဝယ်တွေက ဈေးပိုပေးဝယ်နေပါတယ်။ ပဲစင်းငုံကတော့ ဝယ်ဈေးရောင်းဈေးရယ်လို့  ဈေးနှစ်မျိုးဖြစ်လာပါတယ်။ ရွှေဈေးက ဆက်မြင့်နေတော့  ပို့ကုန်ပဲဈေးတွေ ကတော့ ကျဆင်းစရာမရှိပါဘူး။ ပဲစင်းငုံက တစ်အိတ် ငွေကျပ် ၂၃၀၀၀၀ နဲ့ အိတ်ရေ ထောင်ချီ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တစ်အိတ် ၂၂၆၀၀၀ ပေါက်ဈေးနဲ့ အရောင်းအဝယ် ဆက်ပြီးကောင်းနေပါတယ်။ တရုတ်လိုင်းသွားတဲ့ မြေထောက်ပဲ ကတော့ ထိပ်စတစ်အိတ် ၂၉၂၀၀၀ ထိ ပေါက်ဈေးရှိလာပါတယ်။ ပဲဈေးကွက်တစ်ခုလုံးကတော့ ယခင်သီတင်းပတ်ကထက် ဈေးတွေဆက်လက်မြင့်တက်နေပါတယ်။ ပို့ကုန်ပဲတွေ ဈေးတက်သလို ပြည်တွင်းသုံးပဲမာလိုင်းလည်း ဈေးတွေလိုက်တက် နေပါတယ်။ ပဲဈေးကွက် အရောင်းအဝယ်က သင်္ကြန်ထိ အရောင်းအဝယ် ခပ်သွက်သွက်ရှိနေပါတယ်။ သင်္ကြန်မတိုင်မီ ငွေပေးငွေယူရှင်းမှသာ အရောင်းအဝယ်က ကောင်းကောင်းဖြစ်တာပါ” ဟု ၎င်းကပြောသည်။
မတ်လ တစ်လလုံး တဖြေးဖြေးဈေးမြင့်တက်လာသည့် ပို့ကုန် မတ်ပဲ ၊ပဲစင်းနှင့် ပဲတီစိမ်းတို့မှာ သုံးတင်းဝင်တစ်အိတ် ကျပ် ၂၀၀၀၀၀ ကျော်ထိ ဈေးမြင့်တက်လာရာ မတ်-၁ ၂၃ရက်နေ့တွင် မတ်ပဲ(သစ်) ၆၀ပိဿာတစ်အိတ် ကျပ် ၂၀၀၀၀၀ ၊ ပဲစင်းငုံ(သစ်) ၆၀ ပိဿာတစ်အိတ်ကျပ် ၂၂၈၀၀၀(ရောင်း)၊ ၂၂၅၀၀၀(ဝယ်)၊ ပဲတီစိမ်းရွှေဝါ(သစ်) ၅၆.၂၅ ပိဿာတစ်အိတ် ၂၂၂၀၀၀ ပေါက်ဈေး သာရှိပြီး တစ်အိတ်ကျပ် ၃၀၀၀ ခန့်ဈေးဆင်းသွားကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများ အရသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%9e%e1%80%84%e1%80%ba%e1%80%b9%e1%80%80%e1%80%bc%e1%80%94%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%ac%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%ae%e1%80%91%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:17 下午
下一篇 3月 25, 2023 8:20 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....