2023တရုတ်မြန်မာဖရဲ သခွားဖွံ့ဖြိုးတိုးတက်ရေးညီလာခံ

၂၀၂၃ ခုနှစ် တရုတ်-မြန်မာဖရဲသီးနှင့် သခွားမွှေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် ကျင်းပ

023တရုတ်မြန်မာဖရဲ

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဖရဲသီးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်တစ်ရပ်ကို ရှာဖွေနိုင်ရန် ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ ဖရဲ၊ သခွားမွှေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ယူနန်ပြည်နယ် ရွှေလီမြို့၌ မတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါညီလာခံသို့ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့မှ သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် စက်မှုလုပ်ငန်း ကိုယ်စားလှယ်များ၊ တရုတ်-မြန်မာ နှစ်နိုင်ငံမှ ဖရဲသီးသုတေသီများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် တယ်ဟုန်မှ ဒုတိယ အုပ်ချုပ်ရေးမှူး Liu Yipeng နှင့် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ်ရောင်းချရေးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် တို့က အမှာစကား အသီးသီးပြောကြားသည်။

023တရုတ်မြန်မာဖရဲ023တရုတ်မြန်မာဖရဲ

ဆက်လက်ပြီး ရွှေလီမြို့ Wanding Changhe Trading Co., Ltd. သို့ တရုတ်နိုင်ငံအမျိုးသား ခေတ်မီစိုက်ပျိုးရေး (ဖရဲ၊ သခွားမွှေး) စိုက်ပျိုးရေးနည်းပညာစနစ် “the Belt and Road” အလုပ်ရုံဆိုင်းဘုတ်ကို ချီးမြှင့်ခဲ့ပါသည်။

မြန်မာနှင့် တရုတ်နှစ်နိုင်ငံတို့၏ ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်း ကုန်သွယ်ရေးသည် ရှည်လျားသည့် သမိုင်းကြောင်းရှိကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်မှု အားကောင်းလာတာသည်အတူ မြန်မာ့ ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေး လုပ်ငန်းသည်လည်း တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ အရည်အသွေးလည်း  ဆက်လက်မြင့်မားလာပြီး အထွက်နှုန်းလည်း ဆက်လက်ကောင်းမွန်လာကြောင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု စဥ်ဆက်မပြတ် တိုးမြှင့်ရန်၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် နှစ်နိုင်ငံစလုံးက မျှော်လင့်ထားကြသည်။

အဆိုပါညီလာခံသည် ယူနန်ပြည်နယ်နှင့် “the Belt and Road” တစ်လျှောက်ရှိ အရှေ့တောင်အာရှနိုင်ငံများတွင် ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်း၏ ရေရှည်တည်တံ့သော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပို၍ ကောင်းမွန်စွာ မြှင့်တင်ရန်လည်းကောင်း၊ တရုတ်-မြန်မာ ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်းတွင် အထွက်နှုန်းတည်ငြိမ်စေရန်နှင့် အရည်အသွေး တိုးမြှင့်လာစေရန် အထောက်အကူပြုနိုင်ရန်လည်းကောင်း ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/2023%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%96%e1%80%9b%e1%80%b2-%e1%80%9e%e1%80%81%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:24 下午
下一篇 3月 25, 2023 8:27 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....