ဆားလင်းကြီးနယ်ထွက် သင်ဖျူးဖျာများ နွေပေါက်၍ ရောင်းအားတက်လာ

ဆားလင်းကြီးနယ်ထွက် သင်ဖျူးဖျာများ နွေပေါက်၍ ရောင်းအားတက်လာ

ဆားလင်းကြီးနယ်ထွက် သင်ဖျူးဖျာများ နွေပေါက်၍ ရောင်းအားတက်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးနယ်ထွက် သင်ဖျူးဖျာများ နွေပေါက်၍ ရောင်းအားတက်လာကြောင်း ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းရွာမှ ကိုအောင်ဦး (အောင်ဘုန်းပြည့် – သင်ဖြူးရောင်း၀ယ်ရေး) ထံမှသိရသည်။

နွေကာလများတွင် ကောင်းစွာအိပ်စက်ခြင်း အနားယူနိုင်ရန် အပူဒဏ်ကို လျော့ချပေးနိုင်သည့် သင်ဖျူးဖျာများကို အသုံးများကြသဖြင့် ယခုကာလတွင် အဝယ်လိုက်နေခြင်းလည်းဖြစ်သည်။

“နွေပေါက်လာပြီဆိုတော့ သင်ဖျူးဖျာ ရောင်းလာရပြီ။ နယ်တွေပို့ရောင်းရတယ်။ တရားထိုင်အရွယ်ကနေ ၆ပေလောက်အထိ ဖျာအမျိုးမျိုးရှိတယ်။ နွေရာသီပေါက်ရင် ဖျာအရောင်းပိုလာတယ်။ ကုန်ကြမ်းဖြစ်တဲ့ သင် ကို ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးဒေသမှာ သွားခုတ်ရတယ်။ သင် ရတာ တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ ရှားတဲ့နှစ်ရှားတယ်။ ပေါတဲ့နှစ်ပေါတယ်။ ပေါက်တဲ့အပေါ်မူတည်တယ်။ အလေ့ကျပေါက်ပင်တွေ ခုတ်ရတာပါ” ဟု ကိုအောင်ဦးကပြောသည်။

ဆားလင်းကြီးနယ်ထွက် သင်ဖျူးဖျာများ နွေပေါက်၍ ရောင်းအားတက်လာဆားလင်းကြီးနယ်ထွက် သင်ဖျူးဖျာများ နွေပေါက်၍ ရောင်းအားတက်လာ

သင်ဖျူးဖျာစျေးသည် အနိမ့်ဆုံးကျပ် ၅၀၀၀ မှ အမြင့်ဆုံးကျပ် ၆၀၀၀၀ လောက်ထိစျေးရှိပြီး အဓိက ၄ပေခွဲ×၅ပေ၊ ၅ပေခွဲ × ၆ ပေ ဖျာများ ပိုရောင်းရကြောင်း သိရသည်။ သင်ဖျူးဖျာစျေးသည် သင်ဖျူးဖျာရက်သူရှား၊ သင် ပင်ခုတ်သူရှားလျှင် စျေးမြင်တတ်ပြီး သင်ကို ဖျာရက်သူ ကိုယ်တိုင်သွားခုတ်သလို မခုတ်နိုင်သူများက တဆင့်ပြန်ဝယ်ရကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/27/%e1%80%86%e1%80%ac%e1%80%b8%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%9a%e1%80%ba%e1%80%91%e1%80%bd%e1%80%80%e1%80%ba-%e1%80%9e%e1%80%84%e1%80%ba%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 27, 2023 8:18 下午
下一篇 3月 27, 2023 8:22 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....