မန္တလေးမြို့တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံး

မန္တလေးမြို့တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံး

မန္တလေးမြို့တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊ ၇၆လမ်းနှင့်၈လမ်းဒေါင့်တွင် မတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီကျော်ခန့်က ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နေအိမ်အပေါ်ထပ် အိပ်ရာပေါ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ အိပ်ယာသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နံကပ်ပျဉ်ထောင်(၂)ထပ် ၄ လုံး၊ မြေစိုက်ထရံကာ သွပ်မိုး (၁)ထပ်၁လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရသည်။

မန္တလေးမြို့တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံး

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၃ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၅ စီးနှင့် ရေသယ်ယာဉ် ၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ အကွက် (၁၆၅)တွင် မတ်လ ၂၅ ရက်နေ့က ဖုန်းအားသွင်းကြိုး အပူလွန်ကဲရာမှ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/27/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%a1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 27, 2023 8:22 下午
下一篇 3月 28, 2023 7:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....