လာမည့်တန်ခူးလ လက်ဖက်ခူးဆွတ်ရန် ပြင်ဆင်နေပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ လက်ဖက်(၉၄၁၃)ဧက စိုက်ပျိုးထားရှိပြီး လာမည့် တန်ခူးလ ရွှေဖီချိန်တွင် လက်ဖက်ခူးဆွတ်မည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးထံမှ သိရသည်။
ဟုမ္မလင်းမြို့နယ်မှ လက်ဖက်စိုက်တောင်သူများအား ဖိတ်ခေါ်၍ အတွေ့အကြုံနှီးနှောဖလှယ်ခြင်းနှင့် မြေပြင်ကွင်းဆင်းသရုပ်ပြသခြင်းကို မတ်လ ၂၃ ရက်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင် Farmer to Farmer Exchange Programme အဖြစ်ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ခေါင်ခမ်းကျေးရွာနှင့် တုံလုံကျေးရွာတို့မှ လက်ဖက်စိုက်တောင်သူများ တက်ရောက်ပြီး လက်ဖက်ကိုင်းဖြတ်ရမည့်အချိန်ကာလနှင့် အကြိမ်ရေ၊ လက်ဖက်ခူးဆွတ်ရရှိမည့်အထွက်နှုန်းနှင့် လက်ဖက်ကိုင်းဖြတ်ခြင်း ကုန်ကျစရိတ်တို့နှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/27/%e1%80%9c%e1%80%ac%e1%80%99%e1%80%8a%e1%80%ba%e1%80%b7%e1%80%90%e1%80%94%e1%80%ba%e1%80%81%e1%80%b0%e1%80%b8%e1%80%9c-%e1%80%9c%e1%80%80%e1%80%ba%e1%80%96%e1%80%80%e1%80%ba%e1%80%81%e1%80%b0%e1%80%b8/