ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသို့ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး သွားရောက်လေ့လာ
“လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး” စီမံကိန်းအဖွဲ့ဝင်များသည် မတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသို့သွားရောက် ကူးလူးဖလှယ်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ဦးဆောင်သွားရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေ့လားရေးနှင့် လေ့ကျင့်ပေးမှုတွင် မက္ကဒေးမီးယားလုပ်ငန်း စိမ်းလန်း၍ အထွက်နှုန်းတိုးမှု စံနမူနာပြ ပျိုးထောင်ရေးနည်းပညာ၊ အသေးစိတ်အချောကိုင်ခြင်း နည်းပညာ၊ မျိုးကောင်းမျိုးသန့် ပျိုးထောင်ကိုင်းဆက်ခြင်းနည်းပညာ စသည်တို့ကို လေ့လာကြရပြီး လေ့ကျင့်သည့်ပုံစံတွင် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေ့ဆုံဆွေးနွေးပွဲဖြင့် ကူးလူးဖလှယ်ခြင်း၊ သီအိုရီပိုင်းဆိုင်ရာသင်ကြားခြင်း၊ လက်တွေ့သင်ကြားခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/30/%e1%80%90%e1%80%9a%e1%80%ba%e1%80%9f%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%81%e1%80%bd%e1%80%b2%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%9e/