ယူနန်ပြည်နယ် လင်ချန်းမြို့ သို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ယူနန်ပြည်နယ် လင်ချန်းမြို့ သို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ယူနန်ပြည်နယ် လင်ချန်းမြို့ သို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လင်ချန်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါမိတ်ဆက်ပွဲတွင် Mr. Du Jianhui က လင်ချန်းသည် ကိုယ်ပိုင်အားသာချက်များကို အသုံးချ၍ မြန်မာနိုင်ငံနှင့် တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို အင်အားစုစည်း၍ မြှင့်တင်လျက်ရှိကြောင်း၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ကြီးမားကြောင်း၊ တက်ရောက်လာကြသော လုပ်ငန်းရှင်များ လင်ချန်းသို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu က လင်ချန်းမြို့သည် မြန်မာနိုင်ငံသို့ တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို များစွာအလေးထားကြောင်း၊ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်အစည်းအဝေးနှစ်ရပ် အောင်မြင်စွာ ကျင်းပပြီးစီး၍ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ လင်ချန်းနှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဂိတ်၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဈေးများ ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံသို့ တံခါးဖွင့်ရန်အတွက် ထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအခြေခံ ရှိကြောင်း၊ လင်ချန်းမှ ၎င်း၏ ကိုယ်ပိုင်အားသာချက်များကို အပြည့်အဝဖော်ထုတ်ရန်၊ အခြေအနေအလိုက် ဆောင်ရွက်ပြီး မြန်မာနိုင်ငံနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရန် သံရုံးမှ ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် လင်ချန်းမြို့ သို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ယူနန်ပြည်နယ် လင်ချန်းမြို့ သို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ယူနန်ပြည်နယ် လင်ချန်းမြို့ သို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

မိတ်ဆက်ပွဲတွင် လင်ချန်းမြို့၏ သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လင်ချန်းမြို့၏ တံခါးဖွင့်လှစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါမိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဌ ဦးအိုင်ထွန်း၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း အမှုဆောင်ဒုဥက္ကဌ Mr. Yao Fenggang နှင့် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များ၊ တရုတ်နွယ်ဖွားလုပ်ငန်းရှင်များ စသဖြင့် လူဦးရေ ၆၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/30/%e1%80%9a%e1%80%b0%e1%80%94%e1%80%94%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba-%e1%80%9c%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 30, 2023 2:10 下午
下一篇 4月 1, 2023 9:44 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....