ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ် သရက်သီးတင်မှု အထူးနည်း

ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ် သရက်သီးတင်မှု အထူးနည်း

ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ် သရက်သီးတင်မှု အထူးနည်း

ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ်သရက်သီးတင်မှု အထူးနည်းနေကြောင်း သရက်စိုက်ပျိုးရေးပညာရှင် ဦးသန်းထွန်းဦး ထံမှသိရသည်။

“လတ်တလော သရက်အသီးတင်မှုနှုန်း တအားနည်းတယ်။ မန္တလေးတိုင်းတင်မကဘူး။ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်ဖက်တွေပါ အသီးတင်မှု တအားနည်းတယ်။ သုံးသပ်တာက ရာသီဥတုပြောင်းလဲမှုကြောင့် သရက်သီးပွင့်တဲ့အချိန်မှာ အပူချိန်တအားမြင့်သွားရင် သရက်ကမကြိုက်ဘူး။ အဲဒီအချိန် သရက်ပန်းပွင့်ပြီး အသီးတင်တာဆိုတော့ ဒီနှစ်က ပန်းပွင့်ချိန် ရာသီဥတုပြောင်းတော့ အသီးတင်တာ တအားနည်းတာပါ”ဟု ဦးသန်းထွန်းဦး ကပြောသည်။

သရက်ပန်းပွင့်သည့်အချိန် ညအပူချိန်သည် ၁၂ နှင့် ၁၄ ဒီဂရီဝန်းကျင်ခန့်ကြိုက်သော်လည်း တချို့ရက်များတွင် အပူချိန်သည် ၁၀ ဒီဂရီအောက် ထိုးကျသွားခြင်းမျိုးရှိခဲ့ပြီး ပန်းပွင့်ချိန်တွင် ရာသီဥတုပူသွားခြင်းမျိုးလည်း ရှိကြောင်းသိရသည်။ သရက်ပန်းပွင့်ချိန်တွင် အပူချိန် တအားကျသွားခြင်း၊ တအားတက်သွားသည်ဆိုပါက အသီးတင်နည်းသွားကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ် သရက်သီးတင်မှု အထူးနည်းရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ် သရက်သီးတင်မှု အထူးနည်းရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ် သရက်သီးတင်မှု အထူးနည်း

“သီတင်းကျွတ်ကတည်းက မိုးကျွတ်သွားတယ်။ နောက်မိုးလည်းမရဘူး။ နောက်မိုးမရပေမယ့် သရက်ပန်း တအားပွင့်တယ်။ ဒါပေမယ့် အသီးတင်တာ တအားနည်းတယ်။ စျေးကွက်အလားအလာက ဖရဲသခွားတွေလည်း အခုချိန်စျေးကောင်းတော့ သရက်သီးလည်း စျေးကောင်းဖို့ အလားအလာရှိပါတယ်။ တောင်သူတွေအနေနဲ့ သရက်သီးနည်းပေမယ့် စျေးကောင်းမယ့်အလားအလာ ရှိပါတယ်”ဟု ဦးသန်းထွန်းဦး ကပြောသည်။

ယခင်နှစ်သီးသည်ထက် ယခုနှစ်သည် ၄ပုံ၁ပုံပင် မသီးဘဲ သရက်တစ်ပင်လျှင် ယခင်က အသီး ၂၀၀ခန့်သီးလျှင် ယခုအလုံး၅၀ ပင်မပြည့်တော့ကြောင်း အချို့အပင်များဆိုလျှင် တစ်ပင်လုံးအသီးမမြင်ရတော့လောက်အောင် ယခုနှစ် အသီးတော်တော်နည်းသွားကြောင်း သိရသည်။

“အရင်တုန်းက တစ်နိုင်ငံလုံးအနေနဲ့ အခုလို အသီးထွက်နှုန်း တအားကျတာ မကြုံဘူးသေးဘူး။ ဒီနှစ်မှကြုံတာပါ။ သရက်က သီတင်းကျွတ်နောက်ပိုင်း မိုးဆက်တိုက်ရွာရင်လည်း မကြိုက်ဘူး။ သရက်ဖူးမထွက်ပဲ အရွက်တွေထွက်လာတတ်တယ်။ ဒီနှစ်က သီတင်းကျွတ်(နိုဝင်ဘာလ)နောက်ပိုင်းမှာ မိုးကမရွာတော့ဘူး။ ဒါပေမယ့် သရက်က အဲဒီလိုရာသီကို ကြိုက်တယ်။ ခြောက်သွေ့ချိန်က ၅လ၆လလောက် လိုတာကိုး။ ဒါပေမယ့်လည်း ပန်းပွင့်ချိန်ရာသီဥတုဖောက်ပြန်တဲ့အတွက် အသီးမတင်တာပါ”ဟု ဦးသန်းထွန်းဦးကပြောသည်။

ရာသီဥတုဖောက်ပြန်ရာတွင် ဒီဇင်ဘာ၊ ဇန်နဝါရီလထဲတွင် အအေးလှိုင်းဖြတ်ရာ အေးသင့်တာထက် ပိုအေးသွားပြီး ပူသင့်သည်ထက် ပိုပူလျှင်လည်း ပန်းပွင့်ချိန် အသီးတင်ခြင်း တော်တော်နည်းသွားရခြင်း ဖြစ်သည်။

သရက်စိုက်သည့်နေရာ တစ်နေရာနှင့် တစ်နေရာ မတူတတ်သော်လည်း ယခုနှစ်တွင် ထူးထူးခြားခြား မြန်မာနိုင်ငံသရက်စိုက်ရာနေရာ အတော်များများတွင် တစ်ပြေးညီ အသီးတင်မှု အလွန်နည်းနေခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/01/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a5%e1%80%90%e1%80%af%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b2%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bc%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 1, 2023 9:45 上午
下一篇 4月 9, 2023 8:47 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....