စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၂၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၂၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၂၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ငွေကျပ် ၁၂၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၂ ရက်နေ့ ၁၉၁၀ အချိန်တွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုးမင်းသန်း မောင်းနှင်ပြီး ထက်အောင် လိုက်ပါလာသည့် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ် အတွင်းမှ ဆပ်ပြာခွက်များတွင် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၇၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၃၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၁၃၀၀ အချိန် သန်းဇော်မင်း(ခ)ချင်းမင်း အား မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်ရှိ ကားဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမည့်သည့် စိုးမင်းသန်း(၃၈)နှစ်၊ ထက်အောင်(၁၈)နှစ် နှင့် သန်းဇော်မင်း(ခ)ချင်းမင်း(၄၂)နှစ် တို့အား စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%84%e1%80%bd%e1%80%b1%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2023 8:58 上午
下一篇 4月 9, 2023 9:02 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....