တရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်း

ရခိုင်ပြည်နယ်တွင် တရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့် အခမဲ့စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကျင်းပ

တရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကူညီထောက်ပံ့ပြီး ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ တာဝန်ခံ ပူးပေါင်းဖွင့်လှစ်သော ဒုတိယအကြိမ် အခမဲ့ စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် သင်တန်းသူများ၏ အလုပ်အကိုင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး နေထိုင်မှုဘဝအခြေအနေများကို ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်းတရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်းတရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်းတရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်းတရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်းတရုတ်သံရုံးမှကူညီထောက်ပံ့ပေးသည့်စက်ချုပ်သင်တန်း

စက်ချုပ်သင်တန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဆက်တိုက်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သုံးလတစ်ကြိမ် ဒေသခံသင်တန်းသူ ၁၅ ဦးကို အခမဲ့ လက်ခံသင်ကြားပေးရာ တစ်နှစ်ပတ်လုံး စုစုပေါင်းသင်တန်းသူ ၆၀ ဦးကို သင်ကြားပေးနိုင်မည်ဖြစ်သည်။

အလားတူ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းသည် YUNNAN AID အဖွဲ့တို့ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ အလုပ်အကိုင်မရှိဖြစ်နေသည့်အမျိုးသမီးငယ်များဘဝရပ်တည်ရေးအတွက် မြောက်ဦးအပါအဝင် တောင်ကုတ်နှင့် မင်းပြားမြို့တို့တွင်လည်း အပ်ချုပ်သင်တန်များကို အခမဲ့ဖွင့်လှစ်သင်ကြားပေးနေပြီး အခမဲ့အပ်ချုပ်သင်တန်းတွင် ရခိုင်ရိုးရာဝတ်စုံ၊ ရခိုင်မင်္ဂလာဝတ်စုံနှင့် အနောက်တိုင်းဝတ်စုံများ ချုပ်လုပ်နည်းကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2023 8:50 上午
下一篇 4月 9, 2023 8:58 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....