နှစ်နိုင်ငံသဘောတူစာချုပ်အကောင်အထည်ဖော်ရေးဆွေးနွေး

တရုတ်သံအမတ်ကြီး နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘောတူစာချုပ်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေး ဆွေးနွေး

နှစ်နိုင်ငံသဘောတူစာချုပ်အကောင်အထည်ဖော်ရေးဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ် အဖွဲတို့သည် ဧပြီလ ၆ ရက်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများသို နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အပြန်အလှန်ပါဝင်ပြသနိုင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေးအပါအဝင် နှစ်နိုင်ငံအကြားကုန်သွယ် မှုတိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံနှင့် ပြည်သူများကို ဦးတည်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဂရုပြုမှုကို မြန်မာနိုင်ငံမှ အလေးထားပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အခြေအနေနှင့် ပတ်ဝန်းကျင် ပိုမိုဖန်တီးပေးရန် မျှော်လင့်ကြောင်း တွေ့ဆုံစဉ် အလေးပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး နှစ်ဦးနှစ်ဖက်သည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အခြေအနေအသစ်နှင့် ပေါင်းစပ်၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ဖော်ဆောင်မြှင့်တင်ရေး၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စသည့်စီမံကိန်းများ တည်ဆောက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများရင်ဆိုင်နေရသည့် နိုင်ငံခြားငွေအခက်အခဲ စသည့်ပြဿနာများဖြေရှင်းပေးခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9e%e1%80%98%e1%80%b1%e1%80%ac%e1%80%90%e1%80%b0%e1%80%85%e1%80%ac%e1%80%81%e1%80%bb%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2023 9:08 上午
下一篇 4月 9, 2023 9:10 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....