ဝမ်တိန်နယ်စပ်ဂိတ်ပို့ကုန်သွင်းကုန်ပမာဏတန်၈၄၉၀၀၀ရှိ

တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်တွင် ပထမသုံးလပတ် ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၄၉၀၀၀ ရှိ

ဝမ်တိန်နယ်စပ်ဂိတ်ပို့ကုန်သွင်းကုန်ပမာဏတန်၈၄၉၀၀၀ရှိ

တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်တွင် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၄၉၀၀၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝမ်တိန်နယ်စပ်ဂိတ်တွင် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် မော်တော်ယာဉ် ဝင်ထွက်သွားလာမှုသည် ယခင်နှစ်ကာလတူထက် ၆၅၉% တိုးလာခဲ့ပြီး စုစုပေါင်း ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၄၉၀၀၀ ရှိကာ ကုန်ပစ္စည်းတန်ဖိုး ယွမ် ၂.၈၅၆ ဘီလီယံကျော် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်၌ အဝင်အထွက် လူဦးရေ ၈၇၀၀၀ ကျော်၊ မော်တော်ယာဉ် အစီးရေ ၆၇၀၀၀ ကျော်တို့ကို စစ်ဆေးခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%9d%e1%80%99%e1%80%ba%e1%80%90%e1%80%ad%e1%80%94%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2023 9:00 上午
下一篇 4月 9, 2023 9:07 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....