အိတ်စွပ်စိန်တလုံးသရက်သီးများဈေးကောင်းပေးဝယ်မည်

အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံး သရက်သီးများ ဈေးကောင်းပေးဝယ်မည်

အိတ်စွပ်စိန်တလုံးသရက်သီးများဈေးကောင်းပေးဝယ်မည်

အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီးများကို အရည်အသွေးအလိုက် ဈေးကောင်းပေးကာ ဝယ်ယူမည်ဖြစ်ကြောင်း သဇင်နွယ် သရက်ခြံမှ သိရသည်။

ပို့ကုန် စိန်တလုံး သရက်သီး အဖြစ် စင်ကာပူနိုင်ငံသို့ တင်ပို့နိုင်ရန် သဇင်နွယ် သရက်ခြံမှ မန္တလေး၊ စစ်ကိုင်းဒေသများမှ ထွက်ရှိသော အိတ်စွပ် အရည်အသွေးမီ စိန်တလုံး သရက်သီးများကို အရွယ်အစား အလိုက် ၂၅၀-၃၀၀ ဂရမ်၊ ၃၀၀-၃၅၀ ဂရမ်၊ ၃၅၀-၄၀၀ ဂရမ်၊ ၄၀၀-၄၅၀ ဂရမ်အရွယ် သရက်သီး များကို တစ်တန်လျှင် ၁၀ သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

အိတ်စွပ်စိန်တလုံးသရက်သီးများဈေးကောင်းပေးဝယ်မည်

ယခင်နှစ်က အရည်အသွေးကောင်း စိန်တလုံးသရက်သီး တစ်တန်လျှင် ငွေကျပ် ၉ သိန်းခွဲခန့်ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် သရက်သီးထွက်နှုန်း ကျဆင်းမှုကြောင့် ယခင်နှစ်ထက် ဈေးပိုမို ရရှိရန် တောင်သူများ မျှော်လင့်ထားသည်ဟုသိရသည်။

စိန်တလုံးသရက်သီးကို တရုတ် နယ်စပ်သို့ တိုက်ရိုက်ရောင်းချခြင်း၊ ပြည်တွင်း စူပါမားကတ် ဈေးကွက်၊ နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရောင်းချခြင်းဖြစ်ရာ ဒေသအလိုက် စိန်တလုံးသရက်သီးကို အိတ်စွပ်ခြင်း၊ အပင်ပိုးမွှားကင်းရှင်းအောင် ဆောင်ရွက်ခြင်း၊ အမှန်တကယ် ရင့်မှည့်မှသာလျှင် တင်ပို့ ရောင်းချသင့်ပြီး နာမည်ကောင်း ရရှိထားသည့် သရက်သီးဈေးကွက်ကို မရင့်မှည့်ခင် ဆေးတို့ပြီး ရောင်းချမှုများကြောင့် နှစ်စဉ် ဈေးကွက်ပျက်လေ့ရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%80%85%e1%80%bd%e1%80%95%e1%80%ba%e1%80%85%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2023 9:02 上午
下一篇 4月 9, 2023 9:08 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....