မန္တလေးချမ်းမြသာစည်မြို့နယ်မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်၁၂လုံး မီးလောင်ဆုံးရှုံး

မန္တလေးချမ်းမြသာစည်မြို့နယ်မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်၊ ၅၁လမ်းနှင့်၅၂လမ်းကြား၊ ၁၀၅လမ်းနှင့် ၁၀၆လမ်းကြားတွင် ဧပြီလ ၁၀ ရက် နံနက် ၅ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန္တလေးချမ်းမြသာစည်မြို့နယ်မီးလောင်မှုဖြစ်ပွားမန္တလေးချမ်းမြသာစည်မြို့နယ်မီးလောင်မှုဖြစ်ပွားမန္တလေးချမ်းမြသာစည်မြို့နယ်မီးလောင်မှုဖြစ်ပွား

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသည့်အိမ်များမှာ သွပ်မိုးထရံကာအိမ်၊ ပျဉ်ထောင်အိမ်နှင့် နံကပ်တိုက်များဖြစ်ပြီး တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ်ကပ်ရှိနေခြင်းကြောင့် မီးလောင်ချိန်ခဏအတွင်း နေအိမ် ၁၂ လုံးခန့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးသတ်ဦးစီဌာနအနေဖြင့် Level 1အဆင့်သတ်မှတ်ပြီး အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊ ရပ်ကွက်ပြည်သူများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပြီး နံနက်၅နာရီ၃၃မိနစ်တွင် မီးငြှိမ်းသွားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/10/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%9e%e1%80%ac%e1%80%85%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 10, 2023 5:13 下午
下一篇 4月 11, 2023 8:58 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....