တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၏ ၃၄နှစ်မြောက်နှစ်ပတ်လည်နေ့တွင် အခမဲ့ ဝင်ရောက်ဝင်ခွင့်ပေးခဲ့

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၏ ဧပြီလ ၈ ရက်နေ့တွင် ကျရောက်သည့် ၃၄နှစ်မြောက်နှစ်ပတ်လည်နေ့တွင် နံနက် ၈ နာရီမှ ၉နာရီအတွင်း လာရောက်လည်ပတ်သော ဧည့်သည်များအား ယခင်လာရောက်ဖူးသည့် အမှတ်တရဓာတ်ပုံ (သို့) ဝင်ခွင့်လတ်မှတ်ဟောင်းပြသနိုင်ပါက အခမဲ့ ဝင်ရောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

အခမဲ့ဝင်ရောက်ခွင့်ရသူများမှ ၃ ယောက် တစ်ဖွဲ့ဖြင့် ၃၄ ဖွဲ့ တိတိကို ဥယျာဉ်အခမဲ့ ဝင်ခွင့်ပေးသွားသည့်အပြင် ဧပြီလ ၈ ရက်နေ့မွေးဖွားသော လာရောက်သူ ဧည့်သည် ၃၄ ဦးကို အမှတ်တရအင်္ကျီလက်ဆောင် ၃၄ ထည်ပေးအပ်ခဲ့သည်။

ထို့အပြင် နှစ်ပတ်လည်နေ့တွင် လာရောက်လည်ပတ်သည့် ဧည့်သည်များအား  ရွှေရင်အေး/မုန့်လက်ဆောင်း တိုက်ကျွေးကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ကို ၁၉၈၉ ခုနှစ်၊ဧပြီလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တိရစ္ဆာန်ဥယျာဉ်၏ ဧရိယာအကျယ်အဝန်းသည် (၅၃.၂၁)ဧကရှိကာ ဥယျာဉ်အတွင်း သစ်ပင်နှင့်ပန်းမန်များစွာစိုက်ပျိုးထားပြီး လက်ရှိအချိန်၌ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ရှားပါးကြယ်လိပ်များကို ပြသထားတဲ့အပြင် နို့တိုက်သတ္တဝါ (၃၂) မျိုး၊ ကျေးငှက် (၄၈) မျိုးနှင့်တွားသွားသတ္တဝါ (၁၅) မျိုးအား မွေးမြူထိန်းသိမ်း စောင့်ရှောက်ပြသထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/10/15135/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 10, 2023 5:12 下午
下一篇 4月 10, 2023 5:15 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....