သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားတံတားဆက်ခြင်းအခမ်းအနား

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သော သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား တည်ဆောက်ရေး စီမံကိန်း တံတားဆက်ခြင်းအခမ်းအနားကျင်းပ

သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားတံတားဆက်ခြင်းအခမ်းအနား

တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် ကုန်သွယ်မှု အဓိကထွက်ပေါက်ဖြစ်လာမည့် သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား တည်ဆောက်ရေး စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Grant-AID အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါတံတား၏ ပင်မတံတားချိတ်ဆက်ခြင်းအခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်နိုင်ငံမှ လင်ချမ်းမြို့ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးဌာန၊ လမ်းပန်းဆက်သွယ်ရေးဌာန၊ လင်ချမ်း နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အုပ်ချုပ်ရေးကော်မတီ နိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုဌာန၊ Broad Vision Consultants ကုမ္ပဏီ၊ တရုတ်ယူနန် Sunny Road & Bridge ကုမ္ပဏီလီမိတက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားတံတားဆက်ခြင်းအခမ်းအနား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Broad Vision Consultants ကုမ္ပဏီနှင့် China Yunnan Sunny Road & Bridge Construction ကုမ္ပဏီလီမိတက်တို့မှ ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် တည်ဆောက်လျက်ရှိသော သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား၏ ပင်မတံတားတည်ဆောက်ရေးအပိုင်း ဖြစ်သည့် Prestressed Concrete Box Girder အပိုင်းကို တည်ဆောက်ရာတွင်လည်း ပင်မတံတား တိုင်နှစ်တိုင်ဖြစ်သည့် P1 & P2 Pier တိုင်များမှ ရေလယ်ဘက်နှင့် ကုန်းပေါ်ဘက်သို့ တစ်ဖက်တစ်ချက်စီ ကို အပိုင်းလိုက် တစ်ပိုင်းချင်းစီ ဝန်အားကိုမျှ၍ ချိန်ညှိ သွန်းလောင်းသွားခြင်းပုံစံ Segmental Balanced Cantilever Method ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ တိုင်တစ်တိုင်ချင်းစီရေလယ်သို့ ၁၂ ပိုင်းဆောင်ရွက် ပေးရသကဲ့သို့ ကုန်းပေါ်တွင်လည်း ၁၂ ပိုင်းစီကို တစ်ပိုင်းချင်းစီ ပြိုင်တူအပိုင်းလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရာ ယခုအခါရေလယ်ဘက်တွင် သံလွင်မြစ်အလယ်၌ နောက်ဆုံးဆက်သောအပိုင်းကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်လုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ကူး (ကွမ်းလုံ)တံတား တည်ဆောက်ရေးစီမံကိန်းသည် တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့နှင့် ၂၄ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ကွမ်းလုံတံတားသစ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက ယွမ်ငွေသန်းပေါင်း ၁၄၀ ဒသမ ၀၀ အကုန်ကျခံကာ တည်ဆောက်ပေးလျက်ရှိပြီး သံလွင်တံတား(ကွမ်းလုံ) တံတားသစ်ကြီး တည်ဆောက်ပြီးပါက လားရှိုး – သိန္နီ – ကွမ်းလုံ – ချင်းရွှေဟော်လမ်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် ကုန်သွယ်မှု အဓိကထွက်ပေါက်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ချမ်းငြိမ်းကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/13/%e1%80%9e%e1%80%b6%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%80%e1%80%b0%e1%80%b8-%e1%80%80%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%af%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 13, 2023 4:29 下午
下一篇 4月 14, 2023 4:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....