တရုတ်သံရုံးမှ ဝန်ထမ်းကြို/ပို့ယာဉ် လှူဒါန်း

တရုတ်သံရုံးမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဝန်ထမ်းကြို/ပို့ယာဉ် လှူဒါန်း

တရုတ်သံရုံးမှ ဝန်ထမ်းကြို/ပို့ယာဉ် လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် တရုတ်နိုင်ငံထုတ် Yutong ဝန်ထမ်းကြို/ပို့ယာဉ်လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ဧပြီလ ၇ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် နှစ်ဦးနှစ်ဖက် ပြည်သူ့ဘဝ အကျိုးပြုကူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ နိုင်ငံခြားငွေအခက်အခဲဖြေရှင်းခြင်း စသည့်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/14/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be-%e1%80%9d%e1%80%94%e1%80%ba%e1%80%91%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 13, 2023 4:30 下午
下一篇 4月 14, 2023 4:36 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....