အကျဉ်းကျခံနေရသူ သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့  

မြန်မာနှစ်သစ်ကူးနေ့တွင် အကျဉ်းကျခံနေရသူ သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့

အကျဉ်းကျခံနေရသူ သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့  

မြန်မာနှစ်သစ်ကူးနေ့ဖြစ်သော ဧပြီလ ၁၇ ရက်နေ့က အကျဉ်းထောင် / အချုပ်ထောင် / စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃၁၁၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အကျဉ်းကျခံနေရသူ သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့  အကျဉ်းကျခံနေရသူ သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့  

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိသူ ၃၁၁၃ ဦးအနက် ကချင်ပြည်နယ်မှ ၁၂၅ ဦး၊ ကယားပြည်နယ်မှ ၁၁ ဦး၊ ကရင်ပြည်နယ် မှ ၈၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၇၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၄၅ ဦး၊ ပဲခူး တိုင်းဒေသကြီးမှ ၉၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၅၀ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃၄၇ ဦး၊ မွန်ပြည်နယ်မှ ၃၉၈ ဦး၊ ရခိုင်ပြည်နယ်မှ ၁၇၃ ဦး၊ ရန်ကုန်တိုင်းဒေသ ကြီးမှ ၁၂၇၇ ဦး၊ ရှမ်းပြည်နယ်မှ ၁၅၂ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှ ၈၂ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ချမ်းငြိမ်းကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/18/15196/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....