ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပ

ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပ

ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ပရဝုဏ်အတွင်း မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင် ပွဲတော်အခမ်းအနားသို့ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာလီချန်းယန်၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာယန်ရှောက်ချန်းနှင့် တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဇနီးများနှင့် သံတမန်များ၊ ယူနန်ပြည်နယ် တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်သား/ ကျောင်းသူများ၊ ယူနန်တက္ကသိုလ် မြန်မာစာ သင်ကြားရေးဌာနမှ ဆရာ၊ဆရာမများ၊ ကူမင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကောင်စစ်ဝန်ချုပ်ရုံးအရာထမ်း/အမှုထမ်း မိသားစုများမှ ပါဝင် ဆင်နွှဲခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ နှစ်သစ်ကူးအမှာစကားနှင့် နှစ်သစ်ကူး ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများမှ သင်္ကြန်အဆိုအကများဖြင့် ကပြ သီဆိုဖျော်ဖြေခဲ့ကြပါသည်။

ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပ

ထို့နောက် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော၊ အကြော်စုံ စသည်တို့အပြင် အခြားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/21/%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 21, 2023 9:26 上午
下一篇 4月 21, 2023 9:29 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....