ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် 

ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် 

ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ ဧပြီလ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှ မြန်မာသံရုံးအနေဖြင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနပြုလုပ်ကြောင်း သိရသည်။

ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနကို ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ ပြုလုပ် 

အဆိုပါအခမ်းအနား၌ လင်ကွန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဆရာတော် ချန်းကျန့်နှင့် ဆရာတော်များ၊ တရုတ်နိုင်ငံ၊ သာသနာရေးဗျူရို၊ ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာရေးဗျူရိုမှ တာဝန်ရှိသူများ၊ ပေကျင်းမြို့၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး တို့မှ ဝန်ထမ်းများ၊ မိသားစုများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာ ကျောင်းသား/ကျောင်းသူများ၊ ပေကျင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်း၊ လင်ကွန်း ကျောင်းတိုက်တွင် ဗုဒ္ဓမြတ်စွယ်တော်အား လာရောက်ဖူးမျှော်ကြသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လင်ကွန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်များက နှစ်သစ်ကူးဆုတောင်း တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ က နှစ်သစ်မင်္ဂလာဆုမွန်ကောင်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ မြန်မာစစ်သံမှူးနှင့်ဇနီး တို့မှ ဆရာတော်နှင့် ဘုန်းတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်ခဲ့ပြီး မြတ်စွာဘုရားအား ရေသပ္ပါယ်ခဲ့ပါသည်။

ထို့နောက် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များ၊ ဘုရားဖူးဧည့်သည်များအား ရွှေရင်အေးနှင့် သာကူများ ဝေငှအလှူဒါန ပြုခဲ့ကြပြီး၊ မြန်မာသံရုံး၊ မြန်မာစစ်သံရုံးနှင့် မြန်မာကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာ အကအလှများဖြင့် တင်ဆက်ကပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/21/%e1%80%95%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 21, 2023 9:27 上午
下一篇 4月 25, 2023 9:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....