စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော် ဖမ်းဆီးရမိ

စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော် ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ ည ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိုင်းအောင်ဆာ မောင်းနှင်ပြီး စိုင်းပူးခမ်း လိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်အိတ် ၂၉၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/25/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8-happy-water-%e1%81%81%e1%81%80-%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 25, 2023 9:13 上午
下一篇 4月 25, 2023 9:15 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....