မန္တလေးမြို့က ထိပ်တန်းရွှေဆိုင်ဓားပြတိုက်ခံရ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စက်မှု(၁)ဈေးရှေ့ရှိ ထိပ်တန်းရွှေဆိုင်တွင် ဧပြီလ ၁၉ ရက် မွန်းလွဲ (၂)နာရီခန့်က ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်အတွင်းရှိ ကာလတန်ဖိုး ငွေကျပ်သိန်း(၂၇၀၀)ကျော်တန်ဖို းရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။
ဧပြီလ ၁၉ ရက် မွန်းလွဲ(၂)နာရီခန့်က ထိပ်တန်းရွှေဆိုင်သို့ CZI ဆိုင်ကယ် အမျိုးအစား နီ/နက်ရောင် ၁စီးနှင့် CZI ဆိုင်ကယ်အမျိုးအစား ဖြူ-ကျား ၁စီးစုစုပေါင်းဆိုင်ကယ် ၂ စီးတို့ဖြင့် ဓားပြ ၄ဦး ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ သေနတ်အတို ၁ လက်၊ ဓါးရှည် ၃ ချောင်းတို့ကို ကိုင်ဆောင်ဝင်ရောက်ကာ ခြိမ်းချောက်ပြီး ဓားပြတိုက်ခဲ့ကြခြင်း ဖြစ်သည်။
ဓားပြများက ဆိုင်အတွင်းမှ ရွှေလက်ကောက် ၃၀ ကွင်း၊ ၃၀ ကျပ်သားခန့်(ဆိုဒ်စုံ)၊ ရွှေဆွဲကြိုး ၇၀ ကျပ်သားခန့် ဆိုဒ်စုံ ၁၀၀ကုံး၊ ရွှေနားကပ် ၅၀ရံ၊ ရွှေကလစ် ၁၀ခု ခန့် ၁၀ကျပ်သား၊ ခန့်မှန်းတန်ဖိုး သိန်း ၂၇၀၀ ကျော်အား ယူဆောင်ပြီး စီးနင်းလာသည့် ဆိုင်ကယ်၂စီးဖြင့် ၆၂လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/25/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%80-%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8%e1%80%9b/