ဈေးပေးပြီး မဝယ်သဖြင့် မန္တလေးကျောက်ဝိုင်း၌ ခိုက်ရန်ဖြစ်ပွား

ဈေးပေးပြီး မဝယ်သဖြင့် မန္တလေးကျောက်ဝိုင်း၌ ခိုက်ရန်ဖြစ်ပွား

ဈေးပေးပြီး မဝယ်သဖြင့် မန္တလေးကျောက်ဝိုင်း၌ ခိုက်ရန်ဖြစ်ပွား

မန္တလေးကျောက်ဝိုင်းဟု လူသိများသော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေ ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်ရေးစခန်း၌ ဧပြီလ(၂၄)ရက် နံနက်(၁၀)နာရီခန့်က အရောင်းအဝယ်အဆင်မပြေရာက ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောက်ဝိုင်းတွင် တရုတ်နိုင်ငံသား ကျောက်ကုန်သည်တစ်ဦးက ဝယ်ဈေး သတ်မှတ်ပေးခဲ့သော်လည်း မဝယ်သဖြင့် ကျောက်ရောင်းသူနှင့် အချင်းဖြစ်ရာက ရုန်းရင်းဆန်ခတ် ဖြစ်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ကျောက်သမားများထံက သိရသည်။

ကျောက်လောက၏ စည်းကမ်းသည် ဈေးပေးပြီးပါက ထိုသတ်မှတ်ဈေးဖြင့် ဝယ်ယူရကြောင်း သိရသည်။

ဈေးပေးပြီး မဝယ်သဖြင့် မန္တလေးကျောက်ဝိုင်း၌ ခိုက်ရန်ဖြစ်ပွား

“ကျောက်သမားလေးက ကျောက်ပြတယ်။ ဝယ်တဲ့သူက ဈေးဆစ်တယ်။ ပြီးရင် ကြိုက်ဈေးပေးတယ်။ ရောင်းတဲ့ကျောက်သမားကလည်း ကျေနပ်လို့ ပေးတဲ့ဈေးနဲ့ရောင်းမှာကို မဝယ်တော့ စကားများကြတယ်။ နောက်တော့ လက်တွေပါကုန်တာပေါ့” ဟု ကျောက်သမားတစ်ဦးက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသော ရုပ်သံများအရ ကျောက်ဝယ်သည့်ဆိုင်အား ဝိုင်း၍ ရိုက်ချိုးဖျက်ဆီးနေကြပြီး ဆိုင်အတွင်းမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့က လက်အုပ်ချီ တောင်းပန်နေသည်ကို တွေ့ရသည်။

အဆိုပါ ဖြစ်စဉ်တွင် ကျောက်ဝယ်သူ တရုတ်က သေနတ်ဖြင့်ထုတ်ချိန်သည်ဟု သတင်းများထွက်ပေါ်လာသော်လည်း မဟုတ်မှန်ကြောင်းလည်း သိရသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ဆိုင်ခန်းအား ယာယီပိတ်ထားခဲ့ပြီး မန္တလေးကျောက်ဝိုင်းတွင် ပုံမှန်အတိုင်း အလုပ်များဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/28/%e1%80%88%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%99%e1%80%9d%e1%80%9a%e1%80%ba%e1%80%9e%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 28, 2023 4:38 下午
下一篇 4月 28, 2023 4:40 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....