တရုတ်သို့လာသောခရီးသည်များအတွက်အကြောင်းကြားချက်

တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များအတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုဆိုင်ရာ အသိပေးအကြောင်းကြားချက် တရုတ်သံရုံးကထုတ်ပြန်

တရုတ်သို့လာသောခရီးသည်များအတွက်အကြောင်းကြားချက်

တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များအတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုဆိုင်ရာ အသိပေးအကြောင်းကြားချက်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ခရီးသည်များ၏ ခရီးမသွားမီ ပြင်ဆင်မှုများ ပိုမိုလွယ်ကူစေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ “တရုတ်နိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်” ကို ပြင်ဆင်ထားရှိပြီး ခရီးစဉ်အပေါ် သက်ရောက်မှု မရှိစေရန်အတွက် အဆိုပါလမ်းညွှန်ချက်ကို သေသေချာချာ ဖတ်ရှု၍ လိုက်နာဆောင်ရွက်ကြရန် လည်း တိုက်တွန်းထားသည်။

အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစ၍ နိုင်ငံတကာလေကြောင်းခရီးစဉ်ဖြင့် တရုတ်နိုင်ငံသို့ လာရောက်ကြသူများသည် လေယာဉ်ပေါ်မတက်မီ ၄၈ နာရီအတွင်း PCR Test အစား Antigen Test Kit ဖြင့် ကိုယ်တိုင်စစ်ဆေးနိုင်ပြီး လေကြောင်းလိုင်းကုမ္ပဏီသည် လေယာဉ်ပေါ်မတက်မီတွင် ကိုဗစ်စစ်ဆေးချက်ကို ထပ်မံစစ်ဆေးမှု ပြုလုပ်တော့မည်မဟုတ်ဟု သိရသည်။

တရုတ်နိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အဝေးမှစစ်ဆေးခြင်း – လေယာဉ်ပေါ်မတက်မီ ၄၈ နာရီအတွင်း မိမိဘာသာ Antigen Test Kit အသုံးပြု၍ စစ်ဆေးခြင်း သို့မဟုတ် PCR Test စစ်ဆေးခြင်း ပြုလုပ်ရပါမည်။ ရောဂါပိုးမရှိကြောင်းအဖြေထွက်ရှိသူများ တရုတ်နိုင်ငံသို့ လာရောက်နိုင်ပါသည်။ ရောဂါပိုးရှိသူများအနေဖြင့် ရောဂါပိုးကင်းစင်ပြီးမှ တရုတ်နိုင်ငံသို့ လာရောက်နိုင်ပါသည်။

၂။ အကောက်ခွန်ကြေညာခြင်း – ရောဂါပိုးမရှိကြောင်းအဖြေထွက်ရှိပြီးနောက် Wechat Miniprogram “အကောက်ခွန်ဌာန၏ ခရီးသည်ဝန်ဆောင်မှု” ၊ အကောက်ခွန်ဌာန အပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ် (https://htdecl.chinaport.gov.cn) တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” ဖြည့်စွက်၍ ကြေညာနိုင်ပါသည်။
၃။ လေကြောင်းလိုင်းကုမ္ပဏီသည် လေယာဉ်ပေါ်မတက်မီ Antigen Test Kit စစ်ဆေးချက်ရလဒ်နှင့် PCR Test စစ်ဆေးချက်အား စစ်ဆေးရန် မလိုအပ်ပါ။
၄။ လေယာဉ်ပေါ်တွင် ကပ်ရောဂါကာကွယ်ခြင်း – လေကြောင်းလိုင်းကုမ္ပဏီ၏ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ တောင်းဆိုချက်များကို တိတိကျကျ လိုက်နာ၍ တစ်ကိုယ်ရည်ကာကွယ်မှုကို ကောင်းစွာဆောင်ရွက်ပြီး ကူးစက်အန္တရာယ်ကို လျှော့ချနိုင်ရန် ပန်ကြားအပ်ပါသည်။
၅။ ပြည်ဝင်ချိန်တွင် ရောဂါစစ်ဆေးခြင်း – ဂိတ်ပေါက်သို့ ရောက်ရှိပြီးနောက် အကောက်ခွန်ဌာန၏ ကျန်းမာရေးကြေညာချက်ကုဒ်ဖြင့် လိုအပ်သော ဂိတ်ဖြတ်သန်းမှု လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။ ကျန်းမာရေးကြေညာချက် ပုံမှန်ရှိပြီး ဂိတ်ပေါက်တွင် ပုံမှန်စစ်ဆေးမှု ပုံမှန်ဖြစ်ပါက လူမှုရေးဧရိယာအတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ အကောက်ခွန်ဌာနမှ သတ်မှတ်အချိုးအစားနှင့်အညီ နမူနာရယူ စစ်ဆေးပါမည်။ ကျန်းမာရေးကြေညာချက် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ကိုယ်ပူခြင်း စသည့် ရောဂါလက္ခဏာရှိသူများသည် အကောက်ခွန်ဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ကူးစက်ရောဂါစစ်ဆေးမှု၊ ရောဂါစစ်ဆေးမှု စသည့်လုပ်ငန်းများကို ဆောင်ရွက်ပြီး ကူးစက်ရောဂါဆိုင်ရာ နမူနာယူ စစ်ဆေးခြင်းကို လက်ခံရန် လိုအပ်ပါသည်။
၆။ ဒေသန္တရ ကပ်ရောဂါကာကွယ်ခြင်း – ခရီးသည်များ ပြည်ဝင်ပြီးနောက် ဒေသန္တရ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တောင်းဆိုချက်များကို တိတိကျကျ လိုက်နာသင့်ပါသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/28/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%9c%e1%80%ac%e1%80%9e%e1%80%b1%e1%80%ac%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 28, 2023 4:40 下午
下一篇 4月 28, 2023 4:41 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....