တရုတ်-မြန်မာနယ်စပ်သီးသန့်မိုးလေဝသဝန်ဆောင်မှု

တရုတ်-မြန်မာနယ်စပ် ဝမ်တိန်အပါအဝင် ကုန်စည်ဖြတ်သန်းရာလမ်းကြောင်း သုံးခုအတွက် သီးသန့်မိုးလေဝသ ဝန်ဆောင်မှုပေးလျက်ရှိ

တရုတ်-မြန်မာနယ်စပ်သီးသန့်မိုးလေဝသဝန်ဆောင်မှု

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲတွင် ရွှေလီမြို့မိုးလေဝသဦးစီးဌာနသည် တရုတ်-မြန်မာနယ်စပ်ဒေသရှိ နှစ်နိုင်ငံ သွားလာဆက်ဆံသည့် အရေးပါနယ်စပ်ဂိတ်ဖြစ်သည့် ဝမ်တိန်အပါအဝင် ကုန်စည်ဖြတ်သန်းရာလမ်းကြောင်း သုံးခုအတွက် သီးသန့်မိုးလေဝသ အာမခံဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

အဆိုပါမိုးလေဝသဝန်ဆောင်မှုကိုအသုံးပြုခြင်းဖြင့် မိုးရာသီကျရောက်လာချိန်တွင် တရုတ်-မြန်မာနှစ်ဖက်မှ ယာဉ်မောင်းများသည် လက်ကိုင်ဖုန်းတွင် ကြိုတင်သတိပေးသည့် စာတိုများလက်ခံရရှိနိုင်မည်ဖြစ်ပြီး မကောင်းမွန်သောရာသီဥတုကြောင့် ကုန်စည်ပို့ဆောင်မှုအပေါ် အကျိုးသက်ရောက်မှုကို လျှော့ချနိုင်မည်ဖြစ်သည်ဟုဆိုသည်။

ရွှေလီမြို့မိုးလေဝသဦးစီးဌာနသည် မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူပေါင်း သုံးပုံတစ်ပုံရှိသည့် ရွှေလီမြို့ ကျယ်ဂေါင်မူလတန်းကျောင်းတွင် ကျောင်းနှင့်ပူးပေါင်းကာ မိုးလေဝသထူးခြားချက် လှုပ်ရှားမှုသင်ခန်းစာကို အတူဖော်ဆောင်ပြီး မိုးလေဝသ ယေဘုယျဗဟုသုတများအား နေ့စဉ်သင်ကြားမှုတွင် ပေါင်းစပ်ပေးလျက်ရှိသည်။

တရုတ်-မြန်မာနယ်စပ်သီးသန့်မိုးလေဝသဝန်ဆောင်မှု

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရွှေလီမြို့ ပထမဆုံး ကျေးလက်တောရွာ မိုးကြိုးအန္တရာယ်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေး စံနမူနာပြနေရာကို တရုတ်-မြန်မာနယ်စပ်ရှိ ရင်ကျင်ရွာတွင် တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့သည်။

ရွှေလီမြို့မိုးလေဝသဦးစီးဌာနသည် ယူနန်ပြည်နယ် မိုးလေဝသအန္တရာယ် ကြိုတင်ကာကွယ်ရေးစင်တာ နှင့်အတူ ဤနေရာ၌ မိုးကြိုးအန္တရာယ် အရေးပေါ်ရှောင်တိမ်းရာနေရာ ၁ ခုနှင့် မိုးကြိုးလွှဲ ၃ ခု တပ်ဆင်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံပြည်တွင်းရှိ ရင်ကျင်ရွာကို လွှမ်းခြုံနိုင်ရုံသာမက မြန်မာနိုင်ငံပြည်တွင်းရှိ မန့်ဟီးရိုးမြို့ကိုလည်း လွှမ်းခြုံနိုင်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/28/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%9e%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 28, 2023 4:40 下午
下一篇 4月 30, 2023 9:35 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....