၁၀ဘီလီယံကျော်တန်ဖိုးစိတ်ပြောင်းဆေးဝါးဖမ်းဆီးရမိ

ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများအား မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖမ်းဆီးရမိ

၁၀ဘီလီယံကျော်တန်ဖိုးစိတ်ပြောင်းဆေးဝါးဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့်  ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများအား ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးမှ တောင်ဂွကျေးရွာသွားလမ်းတွင် ဝေဠုသုတ မောင်းနှင်ပြီး သူရအောင် လိုက်ပါလာသည့် NISSAN CABSTAR မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်တွင် ပုလင်းခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း ၁၀ ကီလိုနှင့် စိတ်ပြောင်းဆေးဝါး(Happy water) ၄ ဒသမ ၁၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရကာ ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/28/%e1%81%81%e1%81%80%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 28, 2023 4:37 下午
下一篇 4月 28, 2023 4:40 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....