ကားဂိတ်တွင်စိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းမိ

မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တွင် ငွေကျပ် ၁၀၀၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိ

ကားဂိတ်တွင်စိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းမိ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တစ်ခုတွင် ငွေကျပ် ၁၀၀၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေ ၇ နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တစ်ခုတွင် Super Custom အမျိုးအစား မော်တော်ယာဉ်ဖြင့် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ အောင်ကျော်ဇော (ခ)စစ်မင်းချန့် အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့် စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၀၁၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် အောင်ကျော်ဇော(ခ)စစ်မင်းချန့်(၃၂)နှစ်အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/30/%e1%80%80%e1%80%ac%e1%80%b8%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 30, 2023 9:37 上午
下一篇 4月 30, 2023 9:38 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....