ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)ဈေးတွင် ယခုလအတွင်း ဒုတိယမြောက် ရွှေဆိုင်ဓားပြတိုက်ခံရ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးရှေ့ရှိ ထက်ဝေယံ ရွှေဆိုင်ကို ဧပြီလ ၂၈ ရက် မွန်းလွဲ ၁ ၂နာရီ ၁၅ မိနစ်ခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါဓားပြတိုက်မှုသည် ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)ဈေးတွင် ယခုလအတွင်း ဒုတိယမြောက် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က စက်မှု(၁)ဈေးအတွင်းရှိ ထိပ်တန်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရကာ ငွေကျပ် သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်သွားသည်။
ယခုအကြိမ် ထက်ဝေယံ ရွှေဆိုင် ဓားပြတိုက်ခံရမှုသည် ဈေးအတွင်းမှ ခြေလျင်လျှေက်လာသည့် အမည်မသိအမျိုးသားနှစ်ဦးသည် သေနတ်ဖောက်ချိန်းခြောက်ပြီး ဆိုင်အတွင်းဝင်ရောက်ကာ မှန်ကောင်တာများအား ရိုက်ခွဲပြီး ခန့်မှန်းတန်ဖိုး သိန်း၂၅၀၀ကျော်ရှိသည့် ဗန်း ၆ ဗန်း၊ ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ ကုံး၊ ရွှေနားကပ် ၃၈၀ ရံ၊ ရွှေနားဆွဲ ၉၀ ခု ခန့်ကို ဆာလာအိတ်ထဲထည့်ပြီး ယူဆောင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/30/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b6%e1%80%81%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba/