China-ASEAN (Nanning) Intangible Cultural Heritage Week မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် China-ASEAN (Nanning) Intangible Cultural Heritage Week သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

China-ASEAN (Nanning) Intangible Cultural Heritage Week မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ဧပြီလ (၂၁)ရက်မှ (၂၆)ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် China-ASEAN (Nanning) Intangible Cultural Heritage Week သို့ မြန်မာ့သဘင်အဖွဲ့အစည်း၊ ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်သည့် (၉) ဦးပါ မြန်မာယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဧပြီ (၂၁) ရက်နေ့တွင် Min Ge Lake Square ၌ ကျင်းပသည့် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားသို့ နန်နင်းမြို့ ဒုတိယမြို့တော်ဝန် Ms. Zhang Ziying ၊ တရုတ် Intangible Cultural Heritage Protection Center ၏ အကြီးအကဲ Ms. Zhang Qingqian အစရှိ သည့် တာဝန်ရှိသူများ၊ နန်နင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

China-ASEAN (Nanning) Intangible Cultural Heritage Week မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်China-ASEAN (Nanning) Intangible Cultural Heritage Week မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

ယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်များကို (၄) ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့ရိုးရာဂီတ သီချင်းအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့ပြင် အဆိုပါ ကာလအတွင်း China-ASEAN Intangible Cultural Heritage Fair ကို (၂) ရက်ကြာ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံပြခန်းတွင် မြန်မာ့စောင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့အဝတ်အစား၊ ပုသိမ်ထီး၊ မြန်မာ့သနပ်ခါး အစရှိသည့် ယဉ်ကျေးမှုလက်ရာပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/30/china-asean-nanning-intangible-cultural-heritage-week-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 30, 2023 9:36 上午
下一篇 4月 30, 2023 9:38 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....