Xiamen Airlinesရှာ့မန်-ရန်ကုန်လေကြောင်းပြန်လည်ပြေးဆွဲ

Xiamen Airlines ၏ တရုတ် ရှာ့မန် – ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

Xiamen Airlinesရှာ့မန်-ရန်ကုန်လေကြောင်းပြန်လည်ပြေးဆွဲ

တရုတ်နိုင်ငံ Xiamen Airlines ၏ တရုတ် ရှာ့မန် – ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ဧပြီလ (၂၆) ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါစတင်ပြေးဆွဲသည့်ခရီးစဉ်တွင် Xiamen Airlines ၏ လေယာဉ်အမှတ် – MF8669/70 ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် (၁၅၂) ဦး လိုက်လာခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ (၅) နာရီ (၃၀) မိနစ်တွင် ပျံသန်းဆိုက်ရောက်လာခြင်းဖြစ်ပြီး သော အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင် Key Chain များ ပေးအပ်ကြိုဆိုခဲ့ကြသည်။

Xiamen Airlines မှ ရန်ကုန်မြို့ နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် ၃ ကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/30/xiamen-airlines%e1%80%9b%e1%80%be%e1%80%ac%e1%80%b7%e1%80%99%e1%80%94%e1%80%ba-%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9c%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 6天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....