တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းမှာ ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ နမ့်စန်မှ တာချီလိတ်သို့ စောရွှေ မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်၌ ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၁၃၅၈ တုံး၊ အလေးချိန် ၄၇၅ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ ခွဲအချိန် ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ အောင်စိုး အား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက် အရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာရှိ စိုင်းနွံ(ခ)ထွန်းလင်းဦး၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အက်တက်စီဆေးပြား ၂၃၅ ပြားနှင့် Happy Water ၃၁၅ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြား ၂၃၅ ပြား၊ Happy Water ၃၁၅ ဂရမ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/03/%e1%80%90%e1%80%ac%e1%80%81%e1%80%bb%e1%80%ae%e1%80%9c%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 8小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....