သတင်းမျိုးကိုလဲ စပြီး လေ့လာကြည့်ရတယ် ။ စိတ်ဝင်စားစရာကောင်းပါတယ်။

သတင်းမျိုးကိုလဲ စပြီး လေ့လာကြည့်ရတယ် ။ စိတ်ဝင်စားစရာကောင်းပါတယ်။ 

 

၂၀၂၂ ခုနှစ် ၅ လပိုင်းမှာ တရုတ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဝဘ်ဆိုဒ်မှာ အမေရိကန် အင်န်အီးဒီ ရဲ့ ဖြစ်ရပ်မှန် ရှင်းတမ်းဆိုတဲ့ ဆောင်းပါး တွေ့မိတယ် ။ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သူတို့နဲ့အဆင်မပြေတဲ့ နိုင်ငံအားလုံးကို သွားပြီး ပြဿနာဖန်တီးတဲ့ဆောင်ရွက်မှုများစွာကို ဖော်ပြထားတယ်။ ဒီမိုကရေစီအတွက်၊ ပြည်သူလူထုအတွက်ဆိုပြီး ငွေကြေးများစွာထုတ်သုံးပြီး သူတို့မကြိုက်တဲ့အစိုးရကို ဆန့်ကျင်ဖို့ အင်အားများစွာထူထောင်တယ် ။ အဲ့လိုဆန့်ကျင်တဲ့အုပ်စု ၂အုပ်စုကြား မီးထိုးပေးတယ် ။ ပဋိပက္ခဖြစ်သွားပြီး ဒုက္ခရောက်တဲ့နိုင်ငံစာရင်းကို ဖော်ထုတ်ထားတယ်။ ဆာဘီးယား ၊ ဂျော်ဂျီယာ ၊ ယူကရိန်း ၊ အီဂျစ် ၊ ယီမင် ၊ နိုင်ဂျီးရီးယား ၊ ဆီရီးယား ၊ လစ်ဗျား ၊ ရုရှား ၊ မွန်ဂိုလီးယား ၊ ထိုင်း ၊ ကျူဘား ၊ ဟေတီ ၊ ယူဂန်ဒါ ၊ ဆူဒန် ၊ တရုတ်ရဲ့ ဟောင်ကောင်ဒေသ ၊ တိဘက် ၊ ယူဂါဒေသ ၊ ကျွန်တော်တို့နိုင်ငံ စသဖြင့် တည်ငြိမ်ရေးမရ ၊ ဖွံဖြိုးရေးလုပ်မရ ၊ ပဋိပက္ခအမြဲဖြစ်နေရတဲ့ နိုင်ငံများစွာက ဒီ အင်န်အီးဒီ ရဲ့ဆောင်ရွက်ချက်နဲ့ သက်ဆိုင်နေတယ်လို့ တရုတ်အစိုးရက တရားဝင်ထုတ်ပြန်ထားတယ်။ ဒီအဖွဲ့ကို ဒုတိယ စီအိုင်အေလို့လဲ နာမည်ပေးထားတယ် ။ 

သတင်းမျိုးကိုလဲ စပြီး လေ့လာကြည့်ရတယ် ။ စိတ်ဝင်စားစရာကောင်းပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကိုပြန်ကြည့်မယ်ဆိုရင် ဒီအဖွဲ့သုံးစွဲတဲ့ ဘတ်ဂျက် အများဆုံးပေးတာ တရုတ်အစိုးရဆန့်ကျင်ရေးအဖွဲ့ ၊ ဒုတိယအများဆုံး ပေးတာ ကျွန်တော်တို့မြန်မာအစိုးရရဲ့ ဆန့်ကျင်ဘက်ကို ပေထားတယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့ မင်းကိုနိုင် ၊ ဇင်မာအောင် ၊ ဝေဝေနု တို့က သူတို့ရဲ့ အထောက်အပံ့ရခဲ့သလို အင်န်လ်ဒီအစိုးရလုပ်ချိန်မှာလည်း အင်န်အီးဒီရဲ့ အပေါင်းအပါအဖွဲ့များက အင်န်လ်ဒီအစိုးရကိုဒုက္ခပေးတဲ့ ရခိုင်ကိစ္စမှာ ရိုဟင်ဂျာအရေးလှုပ်ရှားသူကို ဗမာကမ်ပိန်းယူကေ စတဲ့ ဖောင်ဒေရှင်းက အထောက်အပံ့ပေးပြန်တယ် ။ အင်န်အီးဒီရဲ့ ဝဘ်ဆိုဒ်ကိုဝင်ကြည့်လိုက်ပါ ၊ သူတို့အကူအညီအပေးဆုံးနိုင်ငံများသည် စီးပွားဖွံဖြိုးရေးမလုပ်နိုင်ပဲ ပြဿနာပေါင်းစုံနဲ့ တချိန်လုံးသောကများနေရတဲ့နိုင်ငံများပါပဲ ။ 

 

ယူအက်စ်အေရဲ့ လွှတ်တော်မှာ ကိုယ့်ဘာကိုယ် ကြားနာပွဲလုပ်ခဲ့တဲ့ စီအိုင်အေ ခေါင်းဆောင်အမျိုးသမီးက ထိုင်းရှိအမေရိကန်စစ်စခန်းထဲတွင် အချုပ်သားအား ညှင်းပမ်းနှိပ်စက်တဲ့လုပ်ရပ်ကို စစ်ဆေးခဲ့သည် ။ ထိုင်းအစိုးရကငြင်းဆိုသော်လည်း ဘီဘီစီသတင်းဌာနကို သက်သေပြခဲ့တဲ့ အခြား ထိုင်းအရာရှိကတော့ အရှေ့တောင်အာရှမှာ ဘင်လာဒင်ရဲ့ မဟာမိတ် တဦးကို ညှင်းပမ်းနှိပ်စက်တာ ကိုယ်တိုင်တွေ့ထားဖူးတဲ့အကြောင်း ထွက်ဆိုခဲ့တယ် ။ ဒေါ်လာသန်း ၃၀၀ အကုန်အကျခံတည်ဆောက်ထားတဲ့ အမေရိကန် ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာလဲ အဲ့လိုကိစ္စမျိုးရှိနေတယ်ဆိုပြီး ဒေသခံများကစိုးရိမ်ခဲ့တယ်။ 

သတင်းမျိုးကိုလဲ စပြီး လေ့လာကြည့်ရတယ် ။ စိတ်ဝင်စားစရာကောင်းပါတယ်။

မီဒီယာများကြောင့် ဖုံးကွယ်ခံရတဲ့သမိုင်းဖြစ်စဉ်တခုကို သတိရမိတယ် ။ တရုတ်ဖြူကျူးကျော်ဝင်ရောက်တုန်းက အမေရိကန်စီအိုင်အေကငွေကြေးနဲ့ လက်နက်များထောက်ပံ့ခဲ့တယ်။ ကုလသမဂ္ဂရဲ့ ဖိအားကြောင့် ထိုင်ဝမ်ဘက်ကို နောက်ဆုတ်သွားတယ် ။ အချို့က ထိုင်းနယ်စပ်မှာ ကျန်နေခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် ဟိုတုန်းကအစိုးရက အမေရိကန်နဲ့ အဆင်မပြေခဲ့ဘူး ။ တရုတ်ဖြူရဲ့ဆန့်ကျင်ဘက် တရုတ်နီနဲ့ ဆက်ဆံရေးကောင်းခဲ့တယ် ။ တရုတ်ဖြစ်ရပ်မှန်ပါပဲ ။ ဒါပေမယ့် နောက်ပိုင်းမှာ တရုတ်ဖြူရဲ့ ကျုးကျော်စစ်ကို ဘာကြောင့် တရုတ်အစိုးရခေါင်းပေါ်ရောက်သွားခဲ့တယ်ဆိုတာ နားလည်ဖို့ခက်တယ်။ 

 

သတင်းအချက်အလက်အမှန် ရယူချင်တယ်ဆိုရင် တဖက်သက်မီဒီယာကို အားကိုးလို့မရပါ ။ 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2023/05/04/%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%b2-%e1%80%85%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%9c%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 3, 2023 10:15 上午
下一篇 5月 10, 2023 1:40 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....