ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဆက်လက်ဈေးမြင့်တက်၊ အိန္ဒိယပဲကုန်သည်များ အဝယ်သွက်လာ

ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဆက်လက်ဈေးမြင့်တက်၊ အိန္ဒိယပဲကုန်သည်များ အဝယ်သွက်လာ

ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဆက်လက်ဈေးမြင့်တက်၊ အိန္ဒိယပဲကုန်သည်များ အဝယ်သွက်လာ

ပြည်တွင်း ပဲမျိုးစုံအထွက် နှုန်း ၃၀ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး လက်ရှိ ပဲ လက်ကျန် နည်းလာခြင်းကြောင့် ပို့ကုန်ပဲများအပါအဝင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေး ရရှိနေကာ အိန္ဒိယ ကုန်သည်များ ဝယ်လိုအား မြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းလက်ကျန် ပဲသစ်များ ပစ္စည်းပြတ်လပ်ချိန် စောနိုင်သဖြင့် ပို့ကုန်ပဲသမားများ ဝယ်လိုအား ကောင်းနေခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဆက်လက် ဈေးမြင့်တက်နေကြောင်း၊ တရုတ် လိုင်း တင်ပို့သည့် နှမ်း၊ မြေပဲများ မှာ တရုတ်နယ်စပ် အခွန်ဆိုင်ရာ ကိစ္စရပ်များ မရှင်းလင်းသေးသည့်အတွက် အရောင်းအဝယ် အေးနေကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများလည်း လိုက်ပါ ဈေးမြင့်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
“ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဆက်လက် ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယပဲကုန်သည်များရဲ့ အဝယ် သွက်လာတာကြောင့် သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးမြင့်တက်လာပါတယ်။ ပဲစင်းငုံ တစ်အိတ်ကို ငွေကျပ် ၂၃၈၀၀၀-၂၄၀၀၀၀၊ မတ်ပဲတစ်အိတ်ကို ငွေကျပ် ၂၁၂၀၀၀-၂၁၃၀၀၀ ပေါက်ဈေး ဖြစ်လာပါတယ်။ ပြည်တွင်းပဲ အထွက်နှုန်းနည်းပါးခြင်း၊ အိန္ဒိယကုန်သည်များ၏ ပဲလိုအပ်ချက် များပြားခြင်း၊ လက်ရှိအချိန်တွင် ပို့ကုန်ပဲများ သင်္ဘောတင်ကာလ ဖြစ်တာကြောင့် ယခုလို ဈေး ဆက်တိုက် မြင့်နေခြင်း ဖြစ်ပါတယ်။ တရုတ်လိုင်းတင်ပို့နေတဲ့ ပဲတွေက သီတင်းပတ် သုံးပတ်ခန့်အထိ  ဆက်တိုက် ဈေးအေးနေပါတယ်”ဟု  ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

ပြည်ပပို့ကုန် ပဲများ ဈေးမြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းသုံး ပဲအချို့မှာလည်း လိုက်ပါပြီး ဈေးမြင့်တက်လျက် ရှိလာကြောင်း၊ တောင်သူများက ပဲသစ်ရာသီ စပေါ်ချိန် ကတည်းက အခုချိန်အထိ အမြင့် ဈေးတန်းဖြင့် ရောင်းချခဲ့ရသော်လည်း အခြားသွင်းအားစု မျိုး၊ မြေဩဇာ၊ လုပ်သားဈေးနှင့် စက်သုံးဆီဈေးများ ကြီးမြင့်ခြင်းကြောင့် တောင်သူတွေ အကျိုးအမြတ်နည်းပါးခဲ့ကြောင်း သိရသည်။

“ပို့ကုန်ပဲများ ဈေးမြင့်တက်တာနဲ့ ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးမြင့်တက်လာရာမှာ ကုလားပဲ V2 သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၂၂၀၀၀၀ ပေါက်ဈေး မြင့်တက်လာပါတယ်။ ပြည်တွင်းသုံး ကုလားပဲများမှာလည်း လက်ကျန် နည်းပါးလာတာကြောင့် ရောင်းသူဈေးကွက်ဖြစ်နေပြီး ဈေးကွက်အတွင်း ပစ္စည်းစောစော ပြတ်လပ်မယ့်သဘောရှိပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးမြင့်တက်မှု မရှိသော်လည်း အရောင်းအဝယ်ခပ်သွက်သွက်ရှိနေပါတယ်။ နှမ်းမျိုးစုံဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ကျဆင်းနေပေမယ့် မြေပဲ နီလုံးဆန်မှာ တစ်ပိဿာ ငွေကျပ် ၇၅၀၀-၇၈၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲသစ်ရာသီ စပေါ်ချိန် ကတည်းက အခုချိန်အထိ အမြင့် ဈေးတန်းနဲ့ တောင်သူများ ရောင်းချခဲ့ရပေမယ့် အခြားသွင်းအားစု မျိုး၊ မြေဩဇာ၊ လုပ်သားဈေးနှင့် စက်သုံးဆီဈေးများ ကြီးမြင့်တာကြောင့် တောင်သူတွေ အကျိုးအမြတ်နည်းပါးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/13/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99%e1%80%90%e1%80%ba%e1%80%95%e1%80%b2%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%b2%e1%80%85%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 10, 2023 1:42 下午
下一篇 5月 13, 2023 8:44 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....