တောမီးကူးစက်ပြီး ခင်ဦးမြို့နယ်တွင် အိမ်အလုံး၂၀၊ ဆိုင်၁၀ခန်း မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းနှင့် အင်းပတ်ကွေ့ကျေးရွာများတွင် မေလ၅ရက် မွန်းလွဲပိုင်းက တောမီးကူးစက်ပြီး လူမနေသောအိမ်အလုံး၂၀နှင့် စျေးဆိုင်၁၀ခန်း မီးလောင်ကျွမ်းကြောင်း သိရသည်။

မီးလောင်မှုကို ရေဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ် ဦးဆောင်၍ မီးငြိမ်းသတ်ယာဥ်တစ်စီး၊ မီးသတ်ရေသယ်ယာဥ်တစ်စီး တို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၂နာရီကျော် အကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ရွာသစ်ကုန်းကျေးရွာမှ (၃၀×၂၄×၁၆)ပေ သွပ်မိုး၊ အုတ်ကာ၊ မြေစိုက် ၁ထပ်တစ်လုံး၊ သွပ်မိုးထရံကာ၊ မြေစိုက် ၁ထပ် ၁၄လုံး၊ အင်းပတ်ကွေ့ကျေးရွာမှ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ထပ် ၆လုံး၊ သွပ်မိုး၊ သွပ်ကာ စျေးဆိုင်ခန်း ၁၀လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/13/15322/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 35分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....