မန္တလေးတွင်ဘိန်းဖြူ ၂၆ဒသမ၄ကီလိုဖမ်းဆီးရမိ

မန္တလေးတိုင်းမြို့ အောင်မြေသာစံမြို့နယ်တွင် ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

မန္တလေးတွင်ဘိန်းဖြူ ၂၆ဒသမ၄ကီလိုဖမ်းဆီးရမိ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် မေလ ၇ ရက်နေ့က LAND CRUISER မော်တော်ယာဉ်အတွင်း ဆပ်ပြာခွက်များဖြင့်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က မန္တလေးမြို့ ၆၁ လမ်း နှင့် ၆၂ လမ်းကြား၊ ၁၀ လမ်းရှိ မန္တလေး-ကချင်ပြည်နယ် ပြေးဆွဲသည့် ဒေါနဘွားကားဝင်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ရန်ပိန်းတာ(ခ)အားချိန် မောင်းနှင်၍ တွမ်ကွမ်းဆေ(ခ)အားဆေ လိုက်ပါလာသည့် LAND CRUISER မော်တော်ယာဉ်ရောက်ရှိလာပြီး ယန်ပိန်ဟောက်(ခ)ထွန်းစောအောင်၊ ခင်လေးမြိုင်(ခ)မနွယ် နှင့် မကြည်ဝင်း တို့မှ ယာဉ်ပေါ်ပါ ဆာလာအိတ်များ လွဲပြောင်း/လက်ခံဆောင်ရွက်နေစဉ် ထိန်းသိမ်းရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဆပ်ပြာခွက် ၂၆၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖမ်းမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/15/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%98%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%b0-%e1%81%82%e1%81%86%e1%80%92/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 15, 2023 10:09 上午
下一篇 5月 16, 2023 9:37 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....