Happy Water၁၀ ကီလိုကျော်တာချီလိတ်တွင်ဖမ်းမိ

ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ကီလိုကျော် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဖမ်းဆီးရမိ

Happy Water၁၀ ကီလိုကျော်တာချီလိတ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၁၂၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Happy Water၁၀ ကီလိုကျော်တာချီလိတ်တွင်ဖမ်းမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် သတင်းအရ မေလ ၁၁ ရက်နေ့ ည ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံ(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အိုက်ရီ၊ အိုက်ရီဖောင်း၊ အိုက်စိုင်း၊ ဇင်မိုးခန့် နှင့် နိုင်လင်းအောင် တို့ ၅ ဦးအား မော်တော်ဆိုင်ကယ် ၃ စီးနှင့်အတူတွေ့ရှိရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) ၄ ဒသမ ၅ ကီလို စတင်သိမ်းဆည်းရမိခဲ့သည်။

သတင်းကွင်းဆက်အရ မေလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းလုံတစ် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) ၅ ဒသမ ၄၉ ကီလို ဆက်လက် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် စိုင်းလုံတစ် နေထိုင်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိနေအိမ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၃၆ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၁၂၆ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသူများအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ် ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/17/happy-water%e1%81%81%e1%81%80-%e1%80%80%e1%80%ae%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%ac%e1%80%81%e1%80%bb%e1%80%ae%e1%80%9c%e1%80%ad%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 16, 2023 9:39 上午
下一篇 5月 18, 2023 10:37 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....