နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး သက်တော်(၉၅)နှစ်၊ ဝါတော်(၇၅)ဝါသည် မေလ ၂၅ ရက်နေ့၊ ည ၁၁:၁၁ နာရီအချိန်တွင် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၌ ခန္ဓာဝန်ချဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ဗန်းမော်ဆရာတော်ကြီးသည် ကျန်းမာရေးအနည်းငယ်ချိုယွင်း‌သဖြင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဗန်ကောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူပြီးနောက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်တွင် ပြန်လည်သီတင်းသုံးနေတော်မူရာမှ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှဖွားမြင်ခဲ့ပြီး မွေးချင်းရှစ်ယောက်တွင် စတုတ္ထမြောက် သားရတနာဖြစ်ကာ ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။

ကောဇာ ၁၃၂၄ ခုနှစ် ဝါဆိုလမှစ၍ မစိုးရိမ်တိုက်သစ် ပထမဆရာတော် ဦးသူရိယာဘိဝံသ၏ မိန့်ကြားချက်အရ ဗန်းမော်တိုက်တွင် စတင်သီတင်းသုံးခဲ့ပြီး ထိုစဉ်အခါ မထေရ်မြတ် ရောက်စ၌ ရှေးကျောင်းဆောင်ကြီး တစ်ဆောင်သာရှိခဲ့၏။ စတင်သီတင်းသုံးစဉ်က ဆရာတော်၏ အသက်အရွယ်မှာ(၃၃)နှစ်သာ ရှိသေး၏။ ကြမ်းဆွေးကျောင်းအို၊ လက်ရမ်းပြို၊ အမောင်ဘယ်လို လျှောက်မှာနည်း။ ရဟန်းပျိုပျို၊ ကျောင်းအိုအို၊ အမောင် မည်သို့ နေမည်နည်း ဟု ပြောရမလို ကျောင်းအို ကျောင်းဆွေးကြီးမှာ နှစ်ပေါင်းများစွာ သာသနာ ပြုခဲ့ရ၏။

ဂျပန်ခေတ် ရွာသစ်ရွာ အထက်တန်းကျောင်းမှ အဋ္ဌမတန်းအောင်မြင်ပြီးနောက် ၁၃၀၅ ခုနှစ် ဝါဆိုလတွင် ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈယ်ပြုလျှက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ ဘောင်ဝင်ရောက်ခဲ့သည်။ ၁၃၁၀ ခုနှစ် တပို့တွဲလဆန်း (၁၀)ရက်နေ့၌ ရဘဲရွာ ကံမြဲဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈယ်ပြုလျှက် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။

ဗန်းမော်ဆရာတော်ကြီးသည် ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာဂန္တဝါစကာ ပဏ္ဍိတဘွဲ့၊ ၁၉၉၉ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒီလစ်ဘွဲ့၊ ၂၀၀၅ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၂၀၀၉ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် အဘိဓဇမဟာရဌဂုရုဘွဲ့တို့ကို ရရှိတော်မူခဲ့ပြီး ဘွဲ့တံဆိပ်တော်အမြောက်အများကိုလည်း ရရှိထားတော်မူခဲ့သည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%b6%e1%80%83%e1%80%94%e1%80%ac%e1%80%9a%e1%80%80%e1%80%a1%e1%80%96%e1%80%bd%e1%80%b2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:16 下午
下一篇 5月 29, 2023 10:52 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....