စစ်ကိုင်းတိုင်းဒေသကြီးမှကျပ်သိန်း၄၅၅၀ကျော်လှူဒါန်း

သဘာ၀ဘေးဒဏ်သင့်ဒေသများအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှ ကျပ်သိန်း ၄၅၅၀ ကျော်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီးမှကျပ်သိန်း၄၅၅၀ကျော်လှူဒါန်း

“မိုခါ” ဝင်ရောက်မှုကြောင့် သဘာ၀ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးမှ ကျပ်သိန်း ၄၅၅၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအလှူငွေပေးအပ်ပွဲကို မေလ(၂၁) ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးမှကျပ်သိန်း၄၅၅၀ကျော်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိခိုက်ဆုံးရှုံးမှုနည်းပါးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်၊ ချင်းပြည်နယ်မှ ၄ မြို့နယ် ပျက်စီးဆုံးရှုံးမှု များပြားသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကျော် ကပြောသည်။

“စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေလက်ခံပြီး ရရှိတဲ့အလှူငွေတွေကို ဘေးသင့်ဒေသတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က အလှူငွေပေးအပ်ပွဲတွင် ထည့်သွင်းပြောကြားသည်။

ဈာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:12 下午
下一篇 5月 26, 2023 4:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....