တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဆွေးနွေး

တရုတ်သို့တင်ပို့သည့် မြန်မာပို့ကုန်များ GACC ၏ ခွင့်ပြုချက် ရရှိရေးနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဆွေးနွေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ(၂၁)ရက်နေ့ မွန်းတည့် ၁၂ နာရီ က ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်းဧည့်ခံ သော အလုပ်သဘော နေ့လယ်စာစားပွဲသို့  တက်ရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင် အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပါတီ အတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ် ယွမ်ငွေငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်းလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကူမင်းမြို့၌ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်း များနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက် ရရှိ ရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များသာမက စိုက်ပျိုးထုတ်လုပ် သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရေးတွင် အထောက်အကူဖြစ်ရေး၊ နယ်စပ်ဂိတ်များကို နည်းပညာသုံး၍  လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် (Single Win-dow)   ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်  တင်နိုင်ရေးတို့ကို   ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:11 下午
下一篇 5月 26, 2023 4:12 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....