မန္တလေးရတနာမောလ်ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်

မန္တလေးရတနာမောလ် ကျောက်မျက်ရတနာဈေးကြီး ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်နေပြီ

မန္တလေးရတနာမောလ်ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ၏ ဒုတိယထပ်ရှိ နိုင်ငံတကာအဆင့်မီ မန္တလေးရတနာမောလ် ကျောက်မျက်ရတနာဈေးကြီး ကျောက်ဝိုင်းကို မေလ ၁၅ရက်ကစတင်ပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

မန္တလေးရတနာမောလ် ကျောက်ဝိုင်းကို နေ့စဉ် မွန်းလွဲ ၂နာရီမှ ည၈နာရီထိ ဖွင့်လှစ်လျက်ရှိပြီး လပြည့်နေ့နှင့် လကွယ်နေ့များတွင် ပိတ်ထားမည်ဖြစ်သည်။

မန္တလေးရတနာမောလ်ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်မန္တလေးရတနာမောလ်ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်

မန္တလေးရတနာမောလ် ကျောက်ဝိုင်း၌ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်မည့်သူများအတွက် ၅ပေခုံတစ်ခုံလျှင် တစ်လ ၂၂၅၀၀၀ကျပ်၊ ၆ပေခုံတစ်ခုံလျှင် တစ်လ ၂၇၀၀၀၀ ကျပ်နှက်ါ ၇ပေခုံတစ်ခုံလျှင် တစ်လ ၃၁၅၀၀၀ ကျပ်တို့ဖြင့် ငှားရမ်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။

အဆိုပါ မန္တလေးရတနာမောလ်နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာစျေးကြီးတွင် မေလ ၁၅ ရက်နေ့က က စတင်ပြီး Live လွှင့်၍ ကျောက်မျက်ရောင်းဝယ်ခြင်းလုပ်ငန်းများကို လုံခြုံစိတ်ချစွာ ရောင်းဝယ်ဖောက်ကားနိုင်ပြီကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%90%e1%80%94%e1%80%ac%e1%80%99%e1%80%b1%e1%80%ac%e1%80%9c%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:15 下午
下一篇 5月 26, 2023 4:17 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....