မဲခေါင်-လန်ချန်းဒေသတွင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ

မဲခေါင်-လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မဲခေါင်-လန်ချန်းဒေသတွင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ

မဲခေါင် – လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “မဲခေါင်- လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက် မပြတ်သောရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် ဆွေးနွေးပွဲ”အခမ်းအနားကို မေလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီများမှ အကြီးအကဲများက အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်စကားပြောကြားခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို မဲခေါင်-လန်ချန်း ဒေသတွင်း၌ အများပါဝင်အကျိုးခံစားနိုင်သော စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်ရင်းနှီးမြှုပ်နှံ မှုများကို မြှင့်တင်နိုင်ရေးအတွက် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများအနေဖြင့် ကာလတို၊ ကာလလတ်နှင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများရေးဆွဲချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍမှ စွန့်ဦးတီထွင်လုပ်ငန်းများကလည်း ယင်းတို့၏ အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံနှင့် အကောင်းဆုံးအလေ့အကျင့်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတကာနှင့် ဒေသတွင်းမှ ကျွမ်းကျင်ပညာရှင်များ၊ မဲခေါင် – လန်ချန်းအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃ ဦး တို့က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba-%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%90%e1%80%bd%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:14 下午
下一篇 5月 26, 2023 4:16 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....