မြန်မာ-တရုတ်နယ်စပ်ဂိတ်များကွင်းဆင်းလေ့လာ

စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့ မြန်မာ-တရုတ် နယ်စပ်ဂိတ်များ ပူးပေါင်းဆောင်ရွက်မှုများ ကွင်းဆင်းလေ့လာ

မြန်မာ-တရုတ်နယ်စပ်ဂိတ်များကွင်းဆင်းလေ့လာ

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့်အတူ မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်-မြန်မာ နယ်စပ်ဂိတ် ပူးပေါင်းဆောင်ရွက်မှုများကို ကွင်းဆင်းလေ့လာ၍ မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူဝင်/ထွက်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်၊ ဟိုဆောင်ဂိတ်၊ ပို့ကုန်သွင်းကုန် စီးပွားရေးကူးသန်းရောင်းဝယ်ရေး အတွက် လူဝင်/ထွက်ဂိတ်နှင့် ကုန်တင်ယာဉ်ဝင်/ထွက် နယ်စပ်ဂိတ်များဖြစ်သော မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်များကွင်းဆင်းလေ့လာမြန်မာ-တရုတ်နယ်စပ်ဂိတ်များကွင်းဆင်းလေ့လာ

အဆိုပါကာလအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် သံအမတ်ကြီး Mr. Chen Hai နှင့်အတူ ယူနန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning ၊ အမျိုးသားဆိပ်ကမ်းရုံး ညွှန်ကြားရေးမှူး Mr. Zhao Zenglian တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့အတူ တရုတ်-မြန်မာနယ်စပ်ရှိ တယ်ဟုန်ပြည်နယ်ခွဲသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

နှစ်ဦးနှစ်ဖက်သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိုမိုချောမွေ့စေရေး၊ နယ်စပ်ဂိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး စသည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ကာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 18, 2023 10:37 上午
下一篇 5月 26, 2023 4:12 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....