မြန်မာ-တရုတ်ကုမ္ပဏီ၁၇ခုသဘောတူစာချုပ်လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံကုမ္ပဏီ ၁၇ ခုမှ ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် ၉ ခု လက်မှတ်ရေးထိုး

မြန်မာ-တရုတ်ကုမ္ပဏီ၁၇ခုသဘောတူစာချုပ်လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံကုမ္ပဏီ ၁၇ ခုမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် စုစုပေါင်း ၉ ခုကို မြန်မာ(နေပြည်တော်) – တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ ရှိ Plenary Hall ၌ ကျင်းပသည့် မြန်မာ – တရုတ် စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံမှကုမ္ပဏီ ၁၇ ခုသည် လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အချိုရည်နှင့် အဖျော်ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံးမော်တော် ယာဉ်များစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။

မြန်မာ-တရုတ်ကုမ္ပဏီ၁၇ခုသဘောတူစာချုပ်လက်မှတ်ရေးထိုး

အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu၊ လင်ချန်းမြို့ စီးပွားရေးဌာန ညွှန်ကြားရေးမှူး Mr.Zhou Yongzhi တို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်နိုင်ငံများထဲမှာ တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်တင်ပို့ရသည့် ဈေးကွက်လည်းဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုနှင့် ဖလှယ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအတွက် အခွင့်အလမ်းများစွာရှိကြောင်းလည်း စီးပွားရေးသံမှူး Mr. Tan Shufu က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာ – တရုတ်နှစ်နိုင်ငံမှ ကုမ္ပဏီများကနှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/29/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%af%e1%80%99%e1%80%b9%e1%80%95%e1%80%8f%e1%80%ae%e1%81%81%e1%81%87%e1%80%81%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:17 下午
下一篇 5月 29, 2023 10:54 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....