မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပ

မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပ

မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပ

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ “ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

“ဒီနေ့ပြပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်က မြန်မာကုန်သည်တွေနဲ့ တရုတ်ကုန်သည်တွေအကြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ ကုန်သွယ်မှုလမ်းကြောင်း အသစ်တွေရှာဖွေပြီး အလားအလာရှိတဲ့ ကုန်စည်တွေတိုးချဲ့ထုတ်လုပ်နိုင်ဖို့၊ ကုန်သည်လုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံရင်းနှီးပြီး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြခန်းတွေမှာ သစ်သီး ဝလံ၊ ရေထွက်ပစ္စည်း၊ ပရိဘောဂ၊ စားသောက်ကုန်၊ လက်မှုပစ္စည်း၊ အထည်အလိပ်စသည်ဖြင့် အမျိုးအမည်အစုံပါဝင်ပါတယ်။ တရုတ်နိုင်ငံဘက်ကဆိုရင် ဆိုလာနဲ့ပတ်သက်တဲ့ နည်းပညာပစ္စည်းတွေ၊ စားသောက်ကုန်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေပါဝင်တယ်။ အခုလို ပြပွဲတွေကတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်သွားနိုင်မယ့် အလားအလာကောင်းတွေ များစွာရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က ပြောကြားခဲ့သည်။

မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပမြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပမြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပမြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပမြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပ

ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ တို့က ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့်ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့်ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင်ပြသကြသည်။

“အရင်တုန်းက အခုလိုကုန်စည်ပြပွဲက နယ်စပ်မြို့တွေမှာကျင်းပတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေသာမက အားလုံးက ဒီပြပွဲကိုစောင့်မျှော်နေကြတာကြာပါပြီ။ တရုတ်နိုင်ငံဘက်ကလည်း ဒီကုန်စည်ပြပွဲကို အလေးအနက်ထားပါတယ်။ တရုတ်နိုင်ငံက လာရောက်ခင်းကျင်း ပြသတဲ့ကုမ္ပဏီ ၈၀ ကျော်ရှိပါတယ်။ ယူနန်ပြည်နယ်သာမက ပြည်နယ် အများစု ပါဝင်ပါတယ်။ ကုန်ပစ္စည်းအမျိုးအမည်အနေနဲ့ ၅၀၀ ကျော်ပါဝင်ပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးအစားစုံလင်လာပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း နေပြည်တော်မှာ ကုန်စည်ပြပွဲကို ကျင်းပပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာရောက်ပြသကြ တာဖြစ်ပါတယ်။ ကုမ္ပဏီတွေတော်တော်များများပါဝင်ပြီး ကုန်ပစ္စည်း အမျိုးအမည်လည်း များစွာပါဝင်ပါတယ်” ဟု လင်ချန်းမြို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Zhou Yong Zhi က ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ခိုင်မာအားကောင်းမှု၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ဒေသတွင်းပြည်သူများ၏ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်လျက်ရှိသည့် အခမ်းအနားတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/29/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%b1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 29, 2023 10:52 上午
下一篇 5月 31, 2023 11:12 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....