ပုသိမ်ကြီးရှိလယ်ယာမြေများဥပဒေနှင့်အညီဆောင်ရွက်ရန်

မန္တလေး ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေများပေါ်၌ ဥပဒေနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ခြင်းမပြုပါက တရားစွဲ၍ လယ်ယာမြေလုပ်ပိုင်ခွင့် ရုပ်သိမ်းမည်ဟု ထုတ်ပြန်

ပုသိမ်ကြီးရှိလယ်ယာမြေများဥပဒေနှင့်အညီဆောင်ရွက်ရန်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများနှင့် ပုံစံ(၇)ရရှိပြီး လယ်ယာမြေများပေါ်တွင် ဥပဒေနှင့်ညီညွတ်မှုမရှိသော လုပ်ကိုင်ဆောင်ရွက်နေသူများအား အရေးယူမည်ဖြစ်ပြီး လယ်ယာမြေဥပဒေနှင့်အညီ လိုက်နာခြင်း မရှိပါက လယ်ယာမြေလုပ်ပိုင်ခွင့် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးမြို့၊ အောင်မြေသာစံခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပုသိမ်ကြီးမြို့နယ်သည် မန္တလေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ မန္တလေးမြို့၌ လူနေသိပ်သည်းမှု များပြားလာသောကြောင့် ယင်းနှင့်ကပ်လျက် ရှိနေသဖြင့် လူနေထိုင်ရန် သို့မဟုတ် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လူအများမှ စိတ်ဝင်စားမှုမြင့်တက်လာခြင်း၊ နယ်မြေအေးချမ်းခြင်းများကြောင့် မြေကွက်များ ဝယ်ယူရန် စိတ်ဝင်စားကြသော မြို့တစ်မြို့ဖြစ်လာသည်။

ပုသိမ်ကြီးရှိလယ်ယာမြေများဥပဒေနှင့်အညီဆောင်ရွက်ရန်ပုသိမ်ကြီးရှိလယ်ယာမြေများဥပဒေနှင့်အညီဆောင်ရွက်ရန်

အဆိုပါ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများနှင့် ပုံစံ(၇)ရရှိပြီး လယ်ယာမြေများပေါ်တွင် လယ်ယာမြေဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်မှု မရှိခြင်း၊ လယ်ယာမြေများကို ခိုင်လုံသော အကြောင်း ပြချက်မရှိဘဲ လှပ်ထားခြင်း၊ လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း၊ အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့် နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေမှုများရှိနေခြင်း၊ လယ်ယာမြေများပေါ်တွင် မြေဖို့ခြင်း၊ ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင် စိုက်ထူ၍ ခြံစည်းရိုး ကာရံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ ဈေးဆိုင်ခန်းများဆောက်လုပ်ခြင်းနှင့် တရားမဝင် မြေအရောင်းအဝယ်များ ပြုလုပ်နေခြင်းတို့အား စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဥပဒေနှင့်ညီညွတ်မှုမရှိသော လုပ်ကိုင်ဆောင်ရွက်နေသူများအား စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ အရ အမိန့် တစ်ရပ်ကိုဖြစ်စေ၊ အမိန့်တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်ခြင်း၊ လိုက်နာခြင်းမရှိပါက လယ်ယာမြေဥပဒေပုဒ်မ- ၂၀(က) အရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ-၁၇(ဃ)အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်းနှင့် လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်းများ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြော်ငြာထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/31/%e1%80%95%e1%80%af%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%9c%e1%80%9a%e1%80%ba%e1%80%9a%e1%80%ac%e1%80%99%e1%80%bc%e1%80%b1%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 29, 2023 10:54 上午
下一篇 5月 31, 2023 11:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....