“မြန်မာတစ်”ငှက်ပုံစာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေ

မြန်မာ့ဒေသရင်း “မြန်မာတစ်” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုး ထုတ်ဝေ

“မြန်မာတစ်”ငှက်ပုံစာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေ

မြန်မာနိုင်ငံ၌သာ ကျက်စားသည့် ဒေသရင်း ငှက်မျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် မြန်မာ့ဒေသရင်း “မြန်မာတစ်” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုး ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ဝေသည့် အဆိုပါ မြန်မာ့ဒေသရင်း “မြန်မာတစ်” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို ၂၀၂၃ ခုနှစ်၊ ဇွန် (၁)ရက် နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇွန် ၁ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/31/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%90%e1%80%85%e1%80%ba%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%85%e1%80%ac%e1%80%95%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 31, 2023 11:12 上午
下一篇 5月 31, 2023 11:14 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....