Technology Expo 2023သို့မြန်မာစီးပွားရေးလုပ်ငန်းရှင်များပါဝင်

ဂျပန်နိုင်ငံတွင်ကျင်းပမည့် Technology Expo 2023 ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြား

Technology Expo 2023သို့မြန်မာစီးပွားရေးလုပ်ငန်းရှင်များပါဝင်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Tokyo Big Sight ၊ East Hall 5 ၌ ဇွန်လ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 35 th Manufacturing World Japan – New Value Creation Exhibition in Mechanical Components and Technology Expo 2023 သို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် SME Support Japan က ဖိတ်ကြားထားကြောင်း သိရသည်။

အဆိုပါပြပွဲသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ပြပွဲတစ်ခုဖြစ်ပြီး စက်နှင့် စက်ကိရိယာ အပိုပစ္စည်းများ၊ ထုတ်လုပ်မှု နည်းပညာများကို ပြသသည့်ပြပွဲ ဖြစ်သည်။

Technology Expo 2023သို့မြန်မာစီးပွားရေးလုပ်ငန်းရှင်များပါဝင်Technology Expo 2023သို့မြန်မာစီးပွားရေးလုပ်ငန်းရှင်များပါဝင်Technology Expo 2023သို့မြန်မာစီးပွားရေးလုပ်ငန်းရှင်များပါဝင်

ပြပွဲတွင် ပြခန်းပေါင်း (၁၇၅၀) ခန်း ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြခန်းများ ပြသလိုပါက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/31/technology-expo-2023%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 31, 2023 11:13 上午
下一篇 6月 2, 2023 4:18 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....