ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပ

ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပ

ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပ

မန္တလေးမြို့နေ ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ၁၁၇ လမ်း နှင့် ၁၁၈ လမ်းကြား၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ ငဝန် အနုပညာရပ်ဝန်းတွင် ကျင်းပသည်။

အဆိုပါ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ်ကို ကဗျာဆရာကြီး မောင်သင်းပန်၏ ၇၆နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ပြီး အခမ်းအနားသို့ ကဗျာဆရာ၊ စာရေးဆရာနှင့် အနုပညာချစ်သူများတက်ရောက်ခဲ့ကြသည်။

ခေတ်ပေါ်ကဗျာများ၏ ရှေ့ဆုံးတန်းတွင်ပါဝင်ခဲ့သည့် ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ်တွင် သူ၏နှစ်ပေါင်း(၅၀)ကျော် ဖြတ်သန်းခဲ့သည့် ကဗျာအနုပညာခရီးမှ ကဗျာအနုပညာလက်ရာကောင်း အပုဒ်ရေ(၂၅၁)ပုဒ် ပါဝင်ပြီး ဆရာကြီးမောင်သစ်လွင် (လူထု)၊ ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)တို့၏ အမှာစာများ ပါဝင်သည်။

ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကျင်းပ

ကဗျာဆရာကြီး မောင်သင်းပန် ၏ ရုပ်ရှင်ထဲလိုမဟုတ်ဘူး ကဗျာပေါင်းချုပ်စာအုပ်ကို ငဝန် အနုပညာရပ်ဝန်းက စီစဥ်ပြီး ဆောင်းစုရတီစာပေက ထုတ်ဝေခြင်းဖြစ်ကာ စာအုပ်တန်ဖိုးမှာ ငွေကျပ်နှစ်သောင်းဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/23/16378/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 15小时前
下一篇 24分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....