ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE များ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE များ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE များ ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကြာကြီးကွင်းကျေးရွာအနီးတွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သန်းစိုးအောင်(ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ဖိုးပိန် လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/25/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%81%8a-%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%8a%e1%80%be%e1%80%84%e1%80%ba-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6分钟前
下一篇 5分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....